• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 18, 2021
No Result
View All Result

Now & Ever ရုပ်ရှင်ကားကိုကြည့်ပြီး ပြင်သစ်လုပ်ငန်းရှင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိလိုက်တဲ့ ခရစ္စတီးနားခီ

We Love Cele by We Love Cele
November 6, 2019
in အနုပညာ
0

Now and Ever ရုပ်ရှင်ရဲ့ ထူးခြားကောင်းမွန်မှုကို ချီးကျူးလိုက်တဲ့ ပြင်သစ်လုပ်ငန်းရှင်တစ်ဦး

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ လင်မယားဟာဆိုရင် ရုပ်ရှင်တစ်ကားဆိုရင် တစ်ကားဆိုသလောက် ပရိသတ်ရင်ထဲ ကျန်နေအောင် တင်ဆက်ရိုက်ကူးပြတတ်ကြသူတွေပဲ ဖြစ်ပါတယ်။

ခီမောင်နှံရိုက်တဲ့ကားဆိုရင် အကုန်ကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ရမယ်ဆိုတဲ့ သူတွေတောင်မှ ရှိနေပါပြီ၊ အခုလည်း သူတို့ရဲ့ Now and Ever ဆိုတဲ့ အချစ်အိမ်ထောင်ရေး ဇာတ်ကားလေးကို ပရိသတ်တွေက ချီးကျူးနေကြပြန်ပါပြီ။ ဒီလိုချီးကျူးကြတဲ့သူတွေထဲမှာ ပြည်တွင်းကသူတွေတင်မကဘဲ ပြည်ပက သူတွေပါ ပါဝင်လာတာကို ခရစ်စတီးနားက ချပြလိုက်ပါတယ်။

ဒါကတော့ သူမဆီကို ပြင်သစ်လုပ်ငန်းရှင်တစ်ဦး ပေးပို့လာတဲ့စာပါပဲ။ အဲဒီစာထဲမှာ ခီမောင်နှံတို့ရဲ့ Now and Ever ထာဝရနှောင်ကြိုးဇာတ်ကားကြီးဟာ အရမ်းကိုထူးခြားကောင်းမွန်ကြောင်း၊ ပြင်သစ်မှာ ၁၉၆၀ ပြည့်နှစ်တွေက အကောင်းဆုံးအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ အချစ်ဇာတ်ကား The new wave ၊ အမေရိကားမှာ ၁၉၇၀ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Love Story အစရှိတဲ့ ဇာတ်ကားတွေနဲ့တောင် နှိုင်းယှဉ်လို့ရကြောင်း၊ သူ့အနေနဲ့ ခီမောင်နှံနဲ့ လုပ်ငန်းကိစ္စ စကားပြောလိုကြောင်း အစရှိတဲ့ စာကို ပေးပို့လာတာပါ။

No photo description available.

ခရစ်စတီးနားကတော့ ဒီစာလေးကို သူ့ fan တွေနဲ့ Now and ever ဇာတ်ကားကြီးရဲ့ fan တွေ ဝမ်းသာဂုဏ်ယူစေနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်တာလို့ ဆိုထားပါတယ်။ Now and Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးရအောင်စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပြီး လာကြည့်သူတိုင်းကို မျက်ရည်ကျစေတယ်ရယ်လို့လည်း နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Credit-Cele Star

Previous Post

မိဘတွေ ဂုဏ်ယူရတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရရှိသွားပြီဖြစ်တဲ့ စိုးပြည့်သဇင်

Next Post

အိမ်ထောင်မကျခင်ကတည်းက မိခင်အတွက် လုံးချင်းတိုက်အိမ်လေး ဝယ်ပေးနိုင်ခဲ့တဲ့ ရွှေထူး

Next Post

အိမ်ထောင်မကျခင်ကတည်းက မိခင်အတွက် လုံးချင်းတိုက်အိမ်လေး ဝယ်ပေးနိုင်ခဲ့တဲ့ ရွှေထူး

သူငယ်ချင်းက ပါးရိုက်လိုက်လို့ မျက်လုံးထိခိုက်သွားတဲ့ Galaxy Star ပြိုင်ပွဲဝင် မီးနို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!