• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ဖေဖေတွေဆီက ရသင့်တဲ့အခွင့်အရေးတွေကို မေမေတွေ ကိုယ်စားတောင်းဆိုလိုက်တဲ့ စန္ဒီမြင့်လွင်

We Love Cele by We Love Cele
November 7, 2019
in အနုပညာ
0

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က ဖေဖေတွေဆီက ရသင့်တဲ့အခွင့်အရေးတွေကို မေမေတွေ ကိုယ်စားတောင်းဆိုလိုက်တဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 2 people, people smiling, people standing and flower

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်း၊ သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက ဒီနေ့မှာတော့ သမီးလေး Treasure ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ မျှဝေလိုက်တာပါ။

Image may contain: 1 person, baby and closeup

ဒီတစ်ခါမှာတော့ စန္ဒီမြင့်လွင် က ” သို့ဖေဖေ❤ အလုပ်ပြီးတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့ပေးပါ။ မီးမီးနဲ့ မေမေ ဖေဖေ့ကို စောင့်နေပါတယ်။❤ အိမ်ပြန်ရောက်ရင် တနေ့လုံး ကလေးထိန်းရတဲ့ မေမေ့ကို ဝိုင်းကူပေးရင် မေမေက အရမ်းပျော်ပါတယ်။❤ မေမေက ဟင်းချက်ရင် ဖေဖေက ပန်းကန်ဝိုင်းကူဆေးပေးပါနော်။ မေမေက အဝတ်လျှော်ရင် ဖေဖေက မီးပူတိုက်ပေးပါ။❤ ကလေးမွေးလိုက်ရလို့ မေမေက မလှတော့ဘူး။ မေမေက ဝလာတယ်ဆိုပြီး မငြိုငြင်ပါနဲ့နော်။ မေမေ့ကို ပိုချစ်ပေးပါ။❤ တခါတလေ ညဘက် မီးမီး အိပ်မပျော်လို့ အော်မိရင် မေမေ့ကို မနိုးဘဲ ဖေဖေက ချော့သိပ်ပေးပါနော်။

Image may contain: 1 person, smiling, baby and closeup

❤ ဖေဖေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သလို မေမေ့ကိုလည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့်ပေးပါနော်။ အဲဒီအချိန်မှာ ဖေဖေက မီးမီးကို တစ်လှည့်ထိန်းပေးပါ။❤ မေမေ ဝမ်းနည်းရတဲ့အခါတိုင်း မေမေ့ကို ဖေဖေ အပြစ်မတင်ပါနဲ့နော်။ မေမေအနားမှာနေပြီး မေမေ့ကို အားပေးပေးပါနော်။ မေမေအားလုံး ကိုယ်စား ချစ်တဲ့ မေမေဒီး” ဆိုပြီး တလောကလုံးက မေမေတွေအစားပြောထားပါတယ်။

Image may contain: 1 person, smiling, closeup

စန္ဒီ့မြင့်လွင် ရဲ့ သမီးလေး ချစ်စရာပုံရိပ်

Image may contain: 1 person, baby and closeup

စန္ဒီမြင့်လွင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးTreasure ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Image may contain: 2 people, closeup

Credit-မိုမိုလေး

Previous Post

အနုပညာသက်တမ်း ၁၆ နှစ်မှာ ဘယ်သူ့ကိုမှ အတုမခိုးခဲ့ဘူးဆိုတဲ့ အိစိကွေး

Next Post

Examplez အဖွဲ့ထဲက ညီဝမ်းကွဲဖြစ်သူ သက်အောင်ရဲ့ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပေးလိုက်တဲ့ ထွန်းထွန်း

Next Post

Examplez အဖွဲ့ထဲက ညီဝမ်းကွဲဖြစ်သူ သက်အောင်ရဲ့ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပေးလိုက်တဲ့ ထွန်းထွန်း

အကယ်ဒမီက ကျနော်တို့နဲ့ မဆိုင်သလိုပါပဲဆိုတဲ့ သရုပ်ဆောင် ဇော်ဝင်းနိုင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!