သားလေး Peach လို့ ချစ်စနိုးနဲ့ ပရိသတ်တွေက ခေါ်နေကြတဲ့ သင်ဇာနွယ်ဝင်းသားလေးကတော့ မက်မွန်သီးလေးတစ်လုံးလို အင်မတန်မှ ချစ်စရာကောင်းလွန်းလှသူလေးပါ။
မေမေသင်ဇာနွယ်ဝင်းက သိပ်မကြာခင်လပိုင်းအတွင်းမှာပဲ မိသားစုအတွက် ဒုတိယမြောက်သော ရင်သွေးရတနာလေးကို မွေးဖွားပေးတော့မှာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုရပ်နားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကိုပဲ လုပ်ကိုင်လျှက်ရှိနေတဲ့သင်ဇာနွယ်ဝင်းက သူမ လိုချင်တဲ့ ရင်သွေးရတနာ သမီးဦးလေးကိုလည်း မကြာခင်လပိုင်းအတွင်း ရရှိတော့မှာပါ။
ဒီနေ့လေးကတော့ သားသားလေး Peach ရဲ့ (၂) နှစ်ပြည့်မွေးနေ့ပွဲလေးဖြစ်ပြီးတော့ မိသားစု (၃) ယောက်တည်းပဲ ရိုးရိုးလေး ပြုလုပ်ခဲ့ကြောင်း သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ ဖော်ပြလာပါတယ်။
“သားသား(၂)နှစ်ပြည့်မွေးနေ့ ကို မိသားစုသုံးယောက်ထဲ ပဲလုပ်ဖြစ်တယ် မေမေကမွေးတော့မှာဆိုတော့ နောက်နှစ်မှမွေးနေ့လုပ်ပေးတော့မယ်နော်”
မကြာခင်မှာ သားသားလေး Peach တစ်ယောက် ညီမလေးရတော့မှာမို့ ဘယ်လောက်တောင်ပျော်ရွှင်နေမလဲနော်။ ညီမလေးကိုစောင့်ဆိုင်းရင်း မွေးနေ့လေးကိုကျင်းပဖြစ်ခဲ့တဲ့ သင်ဇာနွယ်ဝင်းတို့ မိသားစုရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။We Love Cele
Photos-Thinzar Nwe Win