သမီးလေးတွေရဲ့ မေမေအဖြစ် ရောက်ရှိနေပြီဖြစ်တဲ့ နန္ဒာလှိုင်ဟာ ဒီနေ့ အသက် (၄၅) နှစ်ပြည့်ခဲ့တဲ့အချိန်အထိ သူမဆံပင်တွေ တစ်ပင်မှ မဖြူရသေးတဲ့အကြောင်းအရင်းကို ပြောပြလာပါတယ်။
စိတ်ဝင်စားစရာလေးပါနော်။ (၄၅) နှစ်အရွယ်လို့ မထင်ရလောက်အောင် နုပျိုလတ်ဆတ်နေဆဲဖြစ်တဲ့ နန္ဒာလှိုင်ဟာ သမီးလေး (၃) ယောက်ရဲ့ အမေအဖြစ်လည်း ရှိနေခဲ့ပါပြီ။ သူမ ဝါသနာပါရာ အနုပညာလောကမှာလည်း ထိုက်တန်တဲ့အကယ်ဒမီဆုကြီးတွေ ရရှိခဲ့ပြီးပါပြီ။
လက်ရှိမှာတော့ အိမ်ထောင်ရှင်မဘဝကိုပဲ တာဝန်ကျေပွန်စွာ ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်က အသက် (၄၅) နှစ်ထဲကို ရောက်ရှိလို့လာပါပြီ။ သူမက ဒီနေ့ ဒီအချိန်ထိ အသက် (၄၅) နှစ်ရှိခဲ့ပေမယ့် သူမ ဆံပင်တွေ တစ်ပင်တောင် မဖြူသေးဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတဲ့ လျို့ဝှက်ချက်လေးကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ်။ ဘာများဖြစ်မလဲ ကြည့်လိုက်နော်။
အဲ့ဒါကတော့ သူမဘဝမှာ ခေါင်းခြောက်စရာဆိုရင် ယောက်ကျားဖြစ်သူကို ပေးစဉ်းစားလိုက်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း ယောက်ကျားဖြစ်သူက တစ်ခေါင်းလုံးဖြူပြီး သူမကိုယ်တိုင်တော့ ဆံပင်မဖြူခဲ့ဘူးလို့ ခပ်နောက်နောက်လေး ပြောထားတာဖြစ်ပါတယ်။
ပရိသတ်ကြီးထဲမှာရော အိမ်ထောင်ရှင်အမျိုးသမီးလေးတွေပါဝင်တယ်ဆို မေမေနန္ဒာလှိုင်လိုပဲ ဆံပင်မဖြူတဲ့နည်းလေးကို သုံးကြည့်ကြပါလို့ အကြံပေးလိုက်တယ်နော်။
Credit-Cele Star