အဆိုတော်သာဒီးလူက မနေ့ည မြန်မာအိုင်ဒေါ Rock Week ရဲ့ Result Show မှာ လာရောက်ဖျော်ဖြေခဲ့တဲ့ တစ်ဦးတည်းသော ဧည့်သည်အဆိုရှင်ပဲဖြစ်ပါတယ်။
မြန်မာအိုင်ဒေါ ဟာ ပရိသတ်တွေရဲ့ ဗုတ်တင် စနစ်တွေနဲ့ လည်ပတ်နေတာဖြစ်ပြီး ဗုတ်အများဆုံးရရှိသူက အမြင့်ဆုံး ဝင်းနားဆုနဲ့ ထိုက်တန်မယ့်သူအဖြစ် စီစဉ်ထားတာဖြစ်ပါတယ်။ ဒီလို ဗုတ်တင်ပေးရာမှာလည်း ပရိသတ်တွေက ပုဂ္ဂိုလ်အစွဲဖြင့်ပေးတဲ့ ပရိသတ်ပေါင်းများစွာရှိနေတာကိုလည်းတွေ့ရပါတယ်။ ဒီလိုအစွဲတွေနဲ့ ပေးခြင်းကြောင့် အင်မတန်ကောင်းတဲ့ အဆိုတော်တွေ ပြုတ်ကျန်ခဲ့ရတာတွေလည်း ရှေး မြန်မာအိုင်ဒေါ Season 1/2/3 တွေမှာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။
ဧည့်သည်အဆိုရှင်အဖြစ် လာရောက်ဖျော်ဖြေခဲ့တဲ့ သာဒီးလူကတော့ ပြိုင်ပွဲဝင်တွေကို အားပေးရာမှာ သူတို့ဆိုတဲ့သီချင်းတွေကို မျက်နှာ၊ နှာခေါင်းတွေနဲ့ နားမထောင်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
“စစ်မှန်တဲ့ Voting တွေ ၊ မှန်ကန်တဲ့ အားပေးမှုတွေ ရွေးချယ်မှုတွေရဖို့အတွက်ကို ပြိုင်ပွဲဝင်တစ်ဦးချင်း တစ်ဦးချင်းစီတိုင်းရဲ့ သီဆိုဖျော်ဖြေမှုကို လူကြီးမင်းတို့ရဲ့ နားနဲ့နားထောင်ပြီးဆုံးဖြတ်ပေးကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။ အားပေးကြတယ်ဆိုတာကို မျက်စိတွေ နှာခေါင်းတွေနဲ့ သီချင်းနား မထောင်ကြပါနဲ့။ နားရွက်နဲ့ သီချင်းနားထောင်ပါ” လို့ သာဒီးလူက မေတ္တာရပ်ခံသွားတာဖြစ်ပါတယ်။
ပရိသတ်တွေလည်း စစ်မှန်တဲ့ ဗုတ်တင်တွေ ပေးနိုင်မယ်လို့ မျော်လင့်မိပါတယ်။
Credit-Cele Star