• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, March 3, 2021
No Result
View All Result

ကလေးအမေဖြစ်ပြီးမှ ပြောင်းလဲသွားတဲ့ သူမရဲ့ အကြောင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

We Love Cele by We Love Cele
November 10, 2019
in အနုပညာ
0

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေက နှစ်ပေါင်းအတော်ကြာ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခု ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေနဲ့အတူတူ ပရဟိတလုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာတော့ သူမတို့မိသားစု နေပြည်တော်မှာ ပြုလုပ်မယ့် ကထိန်ပွဲလေးကိုသွားရင်း ခရီးစဉ်အမှတ်တရကို အခုလို ပြောပြလာပါတယ်။

“ပုံမှန် ဆို ကျမ ခရီးသွားတိုင်း ကျွန်မတို့ သားအမိ နှစ်ယောက် တူတူ ပုံ နဲ့ ကျမ တယောက်ထဲ ပုံတွေ့ အညောင်းအညာပြေ ကားလေးရပ်ပြီး ပုံတွေရိုက်လေ့ရှိတယ်။ အဲ့လိုချိန်တိုင်း ကျွန်မက မင်းသမီး ဆိုတော့ ကျွန်မ ပုံလှလှလေးတွေထွက်ဖို့ပဲ အာရုံရတာ။ အခုများဖြင့် မမရွှန်းရွှန်း လေးနဲ့ ကျမဘဝက သူပဲပေးတာချည်း ကြည့်ပြီး မှင်သက်နေရတာ တယောက်ထဲ ပုံတောင် တစ်ပုံမှကိုမရိုက်ဖြစ်ပြန်ကော”

“အရင်ကများ ခရီးသွားရင် အလုပ်ပင်ပန်းတာများတော့ ကိုယ်ဘယ်လို သက်သောင့်သက်သာရှိမလဲပဲ စဉ်းစားပြီး ခေါင်းအုံးတွေ၊ စောင်တွေ၊ အရုပ်တွေအပြည့်နဲ့ ဇိမ်ယူတတ်တဲ့ ကျမက ခုဆို ကျွန်မလက်ပေါ်ကမဆင်းတဲ့ သမီးလေးကို တစ်လမ်းလုံး ချီပြီး သူအိပ်ချိန်လေးမှ နားရရှာနေသော်လည်း ပီတိတွေဖြစ် ပျော်နေ လိုက်တာ ကိုယ့်ကိုကိုယ် တောင် အံ့ဩမိ။”

“ဟော မမရွှန်း ခုမှအိပ်ပျော်တုန်း နားမယ်ကြံရင်းမှာပဲ ကျွန်မ ကလေးအမေ ကြီး အခုဆိုရင်တော့ဖြင့် ကထိန်ခင်းဖို့ နေပြည်တော် မြို့ကြီးကို ရောက်ပါပြီတဲ့ ရှင်” ဆိုပြီး ကလေးအမေဖြစ်ပြီးမှ ပြောင်းလဲသွားတဲ့ သူမရဲ့ အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

သမီးလေး ရွှန်းရတီခိုင်ကလည်း မေမေခိုင်နှင်းဝေ မချစ်ပဲ မနေနိုင်အောင် တီတီတာတာ အမူအယာလေးတွေနဲ့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေလည်း ချစ်ရတဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ အမြဲတမ်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Previous Post

မွေးနေ့လက်ဆောင်အဖြစ် Fan တွေဆီက ဟင်းသီးဟင်းရွက် ပန်းစည်းလက်ဆောင်ရခဲ့တဲ့ ပိုးမီ

Next Post

ဖူးမြော်ရခက်ခဲပြီး အရမ်းဖူးချင်နေခဲ့တဲ့ အမြင့်ဆုံးတောင် မုလအိဘုရားကို ဖူးခွင့်ရခဲ့တဲ့ မိုးပြည့်ပြည့်မောင်

Next Post

ဖူးမြော်ရခက်ခဲပြီး အရမ်းဖူးချင်နေခဲ့တဲ့ အမြင့်ဆုံးတောင် မုလအိဘုရားကို ဖူးခွင့်ရခဲ့တဲ့ မိုးပြည့်ပြည့်မောင်

စာလေးတစ်ကြောင်းတင်ပြီး ချွဲလိုက်တဲ့ ချစ်ဇနီးကြောင့် ခရီးကနေ ချက်ချင်းပြန်လာတဲ့ ဏကြီး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!