သရုပ်ဆောင်မိုးပြည့်ပြည့်မောင်ကတော့ သူမအရမ်းဖူးချင်ခဲ့တဲ့ မြဝတီမြို့က အမြင့်ဆုံးတောင် ၆၅၇၈ ပေ အမြင့်မှာတည်ထားကိုးကွယ်တဲ့ ဆံတော်ရှင် မုလအိ ဘုရားကို ဖူးမျှော်ခွင့်ရရှိခဲ့လို့ ဝမ်းသာနေပါတယ်တဲ့။
မိုးပြည့်ပြည့်မောင်က သူမရဲ့ ဖေ့ဘုတ်မှာ “အရမ်းဖူးချင်ခဲ့တဲ့မြဝတီမြို့ရဲ့ တောင်အမြင့်ဆုံး၆၅၇၈ပေအမြင့်မှာရှိတဲ့ ဆံတော်ရှင်”မုလအိ”ဘုရားအားဖူးခဲ့ရပါပြီရှင်(ကျမတို့မြန်မာနိုင်ငံမှာတန်ဖိုးရှိပြီးတန်ဖိုးထားရမည့်လှပတဲ့သဘာဝတရားနဲ့ရှုခင်းများဟာအများကြီးရှိနေပါသေးသည်)” ဆိုပြီး ပြောထားတာပါ။
သူမက ဘုရားမှာ ပိုက်ဆံပန်းစည်းလေးကိုလည်း လှူခဲ့သေးတာဖြစ်ပြီး ဘုရားရှိရာတောင်ပေါ်ကို တက်တဲ့လမ်းတစ်လျှောက်ရှုခင်းလှလှလေးတွေနဲ့လည်း ဓါတ်ပုံတဝကြီး ရိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် မိုးပြည့်ပြည့်မောင်အနေနဲ့ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ တောင်ငူမြို့ ၂၀၁၉ နိုဝင်ဘာလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် (၈၈)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲ နှင့် ကေတုမတီ(တောင်ငူ)မြို့တည်နန်းတည် (၅၀၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးမှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။
Credit-Cele Star