• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 25, 2021
No Result
View All Result

ဒီနေ့ ရှယ်ယာထည့်ပြီး ဒီနေ့ပဲ ကျောက်အောင်သွားလို့ ပျော်နေတဲ့ အဆိုတော် L ဆိုင်းဇီ

We Love Cele by We Love Cele
November 10, 2019
in အနုပညာ
0

အဆိုတော် L ဆိုင်းဇီတစ်ယောက်ကတော့ ဖားကန့်ကိုအလည်သွားရင်း မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက်စိမ်းတုံးကြီးနဲ့ ဆုံပြီး ဒီနေ့ပဲ ရှယ်ယာထည့် ဒီနေ့ပဲ ကျောက်အောင်သွားခဲ့လို့ ပျော်နေပါတယ်တဲ့။

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, sitting

L ဆိုင်းဇီက သူမရဲ့ ဖေ့ဘုတ်မှာ ” ဟာလေလုယာ…ဟာလေလုယာ…ဘုရားသခင်ကျေးဇူးတော် အထူးပင်ချီးမွမ်းပါတယ်..ကျွန်မ ကျောက် အကြောင်းဆိုတာ ဘာမှ သေချာနားမလည်ပါ…ကျွန်မ အမေကတော့ အရင်က ကျောက်စိမ်းလုပ်ခဲ့တော့ သူကတော့ နားလည်တာပေါ့နော်.. ဒီနေ့ ဖားကန့်မြို့က ကျွန်မ တို့ရဲ့ အမျိုး …လောပန်းကြီး.. အစ်ကိုယောဟန် နဲ့ စကားပြော…သွားတွေ့ရင်း…မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက် နဲ့ ဒီနေ့ ဆိုင်းဇီ ဆုံဖြစ်သွားတယ်ပေါ့နော်”

Image may contain: 5 people, people smiling, people sitting, table and indoor

Image may contain: 6 people, people smiling, people standing and indoor

“အဲဒါနဲ့ ကျွန်မ အစ်ကိုတော်သူ..အစ်ကိုယောဟန်က..ငါ့ညီမ..နင် ရှယ်ယာ ထည့်ကြည့်ပါလား ဆိုပြီး ပြောတယ်… ကျွန်မလဲ တခါမှ ဒါမျိုး ကျောက်ထဲ ရှယ်ယာထည့်တာတော့ မပါဝင်ဘူးဖူး..ဒါ ပထမဦးဆုံး အကြိမ်နဲ့ ပထမဦးဆုံး အတွေ့အကြုံပါပဲ… ကျောက်ဖြတ်လို့ အောင်ရင်လဲ အောင်မယ်…😊မအောင်ရင်လဲ မအောင်ဘူးပေါ့နော်.. ဒါကတော့ ဘုရားအလိုတော်ပေါ့နော်….ဒါနဲ့ ကျွန်မ တို့ စကားတပြောပြောနဲ့ ကျောက်ဖြတ်လိုက်ပါလေရော….ဖြတ်ပြီး ဘုရားသခင်ကျေးဇူးတော်ကြောင့်… ကျောက်အောင်သွားခဲ့ပါတယ်” လို့တင်ထားတာဖြစ်ပါတယ်။

No photo description available.

Image may contain: food

Image may contain: one or more people

ကျောက်အောင်တဲ့အတွက် လက်ငင်းငွေကျပ်သိန်း ၇၀ ကိုလည်း ရရှိသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းကျရင်လည်း ကျောက်ရှယ်ယာထည့်တာကို ဆက်လုပ်သွားမယ်လို့ သူမက ဆိုထားပါတယ်။

No photo description available.

No photo description available.

ကံကောင်းတဲ့ L ဆိုင်းဇီတစ်ယောက် နောက်ထပ်လည်း ကျောက်တွေအများကြီးအောင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Image may contain: 1 person, standing

Image may contain: 1 person, smiling, indoor

Credit-Cele Star

Previous Post

လူရွှင်တော် သူငယ်ချင်းတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြတဲ့ ရှဲဒိုးရဲ့ သားလေး မင်္ဂလာပွဲ

Next Post

ရိပ်သာရောက်သွားတဲ့ ဦးဝင်းနိုင်အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတွေ အတူသွားလုပ်ပေးခဲ့တဲ့ သမီးဖြစ်သူ ဆုဝေလွင်

Next Post

ရိပ်သာရောက်သွားတဲ့ ဦးဝင်းနိုင်အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတွေ အတူသွားလုပ်ပေးခဲ့တဲ့ သမီးဖြစ်သူ ဆုဝေလွင်

၁၁ ရက် ၁၁ လ အိမ်ထောင်သက် (၁) နှစ်ပြည့်လေးမှာ အချစ်စာလေးတွေ ရွှန်းရွှန်းဝေအောင် ရေးလိုက်တဲ့ ရွှေထူး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!