၁၁ ရက် ၁၁ လ အိမ်ထောင်သက် ၁နှစ်ပြည့်လေးကို ro ဆန်ဆန် အမှတ်တရပုံလေးတွေနဲ့ ချစ်ခင်ပွန်း ရွှေထူးက ရွှေမှုန်ရတီအတွက် ချစ်စဖွယ် ဆုတောင်းပေးလိုက်ပါတယ်။
၂၀၁၈ နိုဝင်ဘာလ ဒီလိုရက်လေးမှာပဲ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က ရွှေလက်တွဲခဲ့ကြတာပါ။ နေ့ရက်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့တာ ခုဆိုရင် ၁ နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာ မိန်းမဖြစ်သူအတွက် အချစ်စာလေးတွေ လျှံကျချော်လဲမတတ်အောင် ရေးထားပေးတာလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။
ပုံလေးတွေအကုန်ကြည့်ပြီးရင် မျက်ရည်တောင်လည်မိပါတယ်နော် 😘😘😘 ကဲ အချစ်စာတွေက ရေးမယ်ဆို ၃၆၉သိန်းလောက် ရှိတယ်ဆိုတဲ့ ရွှေထူးရဲ့ ၁နှစ်ပြည့် မင်္ဂလာ နှစ်ပတ်လည်လေးအတွက် ခံစားကြည့်ပါဦး
ချစ်လှစွာသော ချစ်ဇနီးလေးရေ… ဘာတွေပဲဖြစ်ဖြစ် ယောင်္ကျားအနားမှာ အမြဲတမ်းရှိနေပေးလို့ကျေးဇူးအများကြီးတင်ပါတယ်… 😘တစ်နှစ်သာပြည့်သွားတယ်… အချိန်ဟာခဏလေးလိုပဲ ခုထိချစ်မဝ လျှံကျပြီးချော်လဲနေကြတုန်းနော် 🤣ယောကျားထက်လူကြီးဆန်တယ်… ယောကျားထက်ခွင့်လွှတ်တတ်တယ်… ယောကျားထက်မေတ္တာထားတတ်တဲ့မိန်းမကို လေးစားလျက်ပါ… 🥰
တစ်ခါတစ်လေ ယောကျားအပေါ်ပလိန်းကြီးရှာတဲ့ ပြသနာများကိုလည်း ဆက်ပြီးဖြေရှင်းချင်နေတုန်းပါခင်ဗျာ 🤪ဒီဓာတ်ပုံလေးတွေထက်ပိုတဲ့ အမှတ်တရတွေအများကြီးကို ခရီးတွေတူတူထွက်ရင်း ဆက်ဖန်တီးကြမယ်နော်…ရေးမယ်ဆို အချစ်စာတွေက ၃၆၉ သိန်းလောက်ရှိတာမို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော်… 💋Happy 1 Year Anniversary ❤️❤️❤️❤️❤️11.11.2019
ဒီလို ချစ်တတ်တဲ့ ချစ်သူတွေ အချစ်တွေ ပွားများနေကြတာကလည်း လောကကြီးမှာ ပျော်ရွှင်မှုတစ်ခုတိုးပွားစေပါတယ်။ ရွှေနှစ်ရွှေရဲ့ ချစ်ခြင်းတွေကိုလည်း အတုယူ ချစ်တတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
Credit-Cele Star