ခြူးစစ်ဟန်ကတော့ Myanmar Idol Season 4 ရဲ့ Top 11 မှာ ပါဝင်ခွင့်ရခဲ့သူဖြစ်ပြီး Top 11 ကနေ ပထမဆုံး အိမ်ပြန်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ ဒိုင်တွေရဲ့ Save ကို မျှော်လင့်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ Rock week မှာ အိမ်ပြန်ရမယ့် နော်စေးစေးထူးကို Save song နဲ့ Save လိုက်ပြီးဖြစ်တာကြောင့် ခြူးစစ်ဟန်သာမက တစ်ခြားဘယ်ပြိုင်ပွဲဝင်ကမှ ဒိုင်တွေရဲ့ Save ကို ထပ်ပြီး မျှော်လင့်ခွင့် မရှိတော့ပါဘူး။
ဒါပေမယ့် ခြူးစစ်ဟန်က အားမလျော့သေးပါဘူး၊ သူမအနေနဲ့ Myanmar Idol ပြိုင်ပွဲထံ ပြန်လာဖို့ မျှော်လင့်ချက်ရောင်ခြည်လေး ရှိပါသေးတယ်တဲ့။ နည်းလမ်းကတော့ ပရိသတ်တွေထံက Wild card Voting နဲ့ သူမကို ပြန်ခေါ်နိုင်ဖို့ဆိုတာလေးပါပဲ။
ခြူးစစ်ဟန်က သူမရဲ့ ဖေ့ဘုတ်မှာ “ခြူးစစ် ကို ချစ်ခင်အားပေးကြတဲ့ ဆွေမျိုးသားချင်းညီကိုမောင်နှမ တွေနဲ့ ခြူးစစ် ချစ်တဲ့ ပရိတ်သက်တေက ပါ ခြူးစစ် ကို Wild Card နဲ့ ခြူးစစ်ဟန် ကို ပြန်ခေါ်ပေးကြပါလို့ ဝန်းရံအားပေးစကားတွေ တွေ့ရကြားရတော့ ခြူးစစ် အရမ်းဝမ်းသာ သလို ခြူးစစ် လဲ Wild Card နဲ့ Myanmar idol ကို တကယ် ပြန်သွားပြီး ခြူးစစ် ချစ်တဲ့ သူတွေကို ဖျော်ဖြေချင်ပါသေးတယ်ရှင် ၊ ဒီလို ဖြစ်လာ ဖို့ ဆိုတာကလဲ ပထမဦးဆုံးအိမ်ပြန်ရသူဖြစ်လို့ အခွင့်ရေးအရမ်းနဲပေမယ့် ပရိသတ် အားပေးမှုများပြီး voting များရင် ခြူးစစ် Wild Card နဲ့ Myanmar idol ကို ပြန်သွားလို့ရပါတယ်၊ ဒါကြောင့် ခြူးစစ် ကို တကယ် ချစ်ခင်အားပေးကြရင် ခြူးစစ် ဖျော်ဖြေတင်ဆက်မှုလေးတွေကို ကြည့်ချင်သေးရင် ခြူးစစ် ကို ဝန်းရံအားပေးကြပါလို့ ခြူးစစ် တောင်းဆိုပါရစေရှင်၊ ခြူးစစ် အားလုံးအတွက် အကောင်းဆုံးကြိုးစား ပါ့မယ်လို့ ခြူးစစ် ကတိပေးပါတယ် ခြူးစစ် ကို ပြန် လာစေချင်ရင် ပြန်ခေါ်ပေးကြပါ ဝန်းရံပေးကြပါ လို့ ခြူးစစ် တောင်းဆိုလိုက်ပါတယ်” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။
ခြူးစစ်ဟန်ဟာ Myanmar Idol ယှဉ်ပြိုင်နေစဉ်အတွင်း ချောင်းအရမ်းဆိုးနေခဲ့ပြီး ဆေးရုံတောင်ရောက်ခဲ့ရသေးတာပါတဲ့။ ချောင်းဆိုးပျောက်ဖို့ကိုလည်း ခက်ခက်ခဲခဲ ကုသခဲ့ရပြီး ပထမဆုံး Live ယှဉ်ပြိုင်မှုမှာတော့ ချယ်ရီလမ်းသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
result show ည မှာ ခြူးစစ် ပထမဦးဆုံး voting အနဲဆုံးနဲ့ အိမ်ပြန်ခဲ့ရတယ် ခြူးစစ် လုပ်ပြချင်ခဲ့တဲ့ ကြိုးစား အားထုပ်မှု ခြူးစစ် ရဲ့ တင်ဆက်မှုလေးတွေကို ခြူးစစ် ကို အားပေးတဲ့သူတွေကို ခြူးစစ် ထက်ပြီး ချမပြနိုင်ခဲ့ မလုပ်ပြနိုင်ခဲ့ဘူး ရှင်၊ ခြူးစစ် ပြိုင်ပွဲ ဝင်ပြီး ယှဉ်ပြိုင် ခဲ့ကထဲက ခြူးစစ် Winner ဆုကို မမက်ခဲ့ပါဘူး ခြူးစစ် ကြိုးစားမှုတွေတင်ဆက်မှုတွေကို လက်ခံအားပေးအသိမှတ်ပြုမှုလေးပဲလိုချင်ခဲ့တာပါ အဲ့လောက်အစောကြီးအိမ်ပြန်ခဲ့ရမယ်လို့လဲ မမျှော်လင့်ထားခဲ့မိပါဘူး ရှင် ၊ အခု ခြူးစစ်ကို ချစ်ခင်အားပေးတဲ့သူတေကြောင့် ခြူးစစ် အရမ်း ဝမ်းသာရပါတယ် ခြူးစစ် Save song ဆိုတဲ့ အခါ မှာလဲ ခြူးစစ် အရမ်း ဝမ်းနည်းနေတော့ သီချင်းကို အကောင်းဆုံး မဆိုပြနိုင်ခဲ့ဘူး ဒါကြောင့် ဒိုင်တွေ ရဲ့ save ချင်းကိုလဲ ခြူး မရရှိခဲ့ပါဘူး။ ဒါပေမယ့် အခုအနေအထားမှာတော့ ခြူးစစ်ကို Wild card လေးနဲ့ ပြန်ခေါ်ပေးကြပါရှင်လို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ပရိသတ်ကြီးထဲမှာ ခြူးစစ်ဟန်လေးကို ပြိုင်ပွဲဆီပြန်လည်ရောက်ရှိစေချင်တဲ့သူတွေ ရှိတယ်ဆိုရင် သူ့ကို Wild card voting လေးနဲ့ ကူညီပေးလိုက်ကြပါဦးနော်။
Credit-Cele Star