• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

သမီးလေး ရွှန်းရတီခိုင်သာမက ဂေဟာက သားသမီးတွေကိုပါ နာမည်တပ်ပြီး ကထိန်ခင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

We Love Cele by We Love Cele
November 12, 2019
in အနုပညာ
0

နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေကိုပါ စွမ်းစွမ်းတမံ လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေက မနေ့က တန်ဆောင်မုန်းလပြည့်နေ့လေးမှာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သုခရတနာကျောင်းတိုက်မှာ ကထိန်ခင်း အလှူကြီးကို ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ပါတယ်။ ခိုင်နှင်းဝေက သူမရဲ့ အလှူလေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 1 person, smiling

“နှစ်စဉ်နှစ်တိုင်း ကထိန်အလှူတွေပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သမီးလေးရွှန်းရွှန်းအပါအဝင် သား,သမီးတွေအားလုံးအတွက် ကုသိုလ်ဒါနပြုလုပ်ပေးရတဲ့အတွက် ပြောပြလို့မရအောင်ဝမ်းသာမိပါတယ်။ ယခုဘဝမှာ ကျွန်မရဲ့ သား,သမီးတွေအဖြစ် သူတို့လေးတွေရောက်လာကြတယ်. သူတို့အတွက် ကျွန်မလုပ်ပေးနိုင်တဲ့ အရာတွေထဲက ဒါနကုသိုလ်နဲ့ ပညာအမွေကို အပြည့်အဝပေးနိုင်အောင်ကြိုးစားပါမယ်။”

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, standing and outdoor

“ရှေ့ဆက်ပြီး လျှောက်လှမ်းရမယ့် သူတို့ရဲ့ ကံတရားလေးတွေကောင်းမွန်အောင် ကုသိုလ်ကောင်းမှုတွေအမြဲပြုလုပ်ပေးဖြစ်ပါတယ်။ ဓာတ်ပုံတွေအများကြီး တင်ထားရတာကတော့ ကျွန်မရဲ့ သား,သမီးတွေကို သူတို့နားလည်သိတတ်တဲ့အရွယ်ရောက်ရင် ပြန်ပြီးပြနိုင်အောင်လို့ပါ၊”

Image may contain: 1 person, smiling, standing and outdoor

Image may contain: 1 person, smiling, standing and outdoor

“အခုလိုလှူဒါန်းနိုင်အောင် ပါဝင်ကူညီလှူဒါန်းပေးတဲ့ မောင်လေးဇင်မြင့်အောင်ကိုလည်းကျေးဇူးတင်သလို, ညီမလေး အေးမို့မို့မောင်(ခ)အိဖူးဖူးမောင်လဲ ကောင်းရာမွန်ရာဘုံဌာနကို ထပ်မံတက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ယနေ့ပြုလုပ်ရသော ကထိန်အလှူတော်မင်္ဂလာကြီးကို မိတ်ဆွေများအားလုံးကိုလည်း အမျှ အမျှ အမျှပေးပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။”

Image may contain: 2 people, people smiling, people standing, flower and outdoor

Image may contain: 3 people, people smiling, people standing, flower and outdoor

Image may contain: 9 people, people smiling, outdoor

“၁.ကထိန်ပဒေသာပင်များ (စုစုပေါင်းတန်ဖိုး ၂၉သိန်း။ ၂.သိမ်ဆောက်လုပ်ရန် ကျပ်သိန်း၅၀။ ၃.ရေကန်နှင့်အမိုး ၁၀သိန်း။ ၄. ပင့်သံဃာအပါး၂၀အား တစ်ပါးလျှင် ၃သောင်းကျပ်ဖြင့် ၆သိန်းကျပ်။ ၅.နံနက်ပိုင်း ကောက်ညှင်းပေါင်းနှင့်အကြော်။ ၇.ထမင်းနှင့်ဟင်း စတုဒိသာကျွေးမွေးခြင်း။ ၈.အချိုရည်ဗူးများ။ ၉.ကလေး အယောက် ၅၀၀ အတွက် Mituပေါင်ဒါဗူး,ရေချိုးဆပ်ပြာ,အရုပ်များ။ ၁၀. ဘုရား ၁၉ ဆူ စသည်တို့ကိုလှူဒါန်းခဲ့ပါတယ်။”ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေလာပါတယ်။

Image may contain: 8 people, people smiling, people standing, wedding, child and outdoor

Image may contain: 8 people, people smiling, people standing, wedding and outdoor

Image may contain: 10 people, people smiling, people standing, wedding and outdoor

ခိုင်နှင်းဝေကတော့ ဘာလုပ်လုပ် စေတနာအပြည့်နဲ့ လုပ်ကိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကိုကြည့်ပြီး ပီတိဖြစ် သာဓုခေါ်နိုင်ကြပါစေနော်။

Image may contain: 4 people, people smiling, people standing and outdoor

Image may contain: 3 people

Image may contain: 8 people, people smiling, flower

Credit-မိုမိုလေး

Previous Post

ပွဲကရန်ပျက်ကွက်ခဲ့တာကြောင့် နစ်နာကြေး သိန်း ၅၀၀ နဲ့အတူ ကား ၃ စီးထိန်းသိမ်းခံထားရတဲ့ စွမ်းသဘင်

Next Post

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ဘိုးဘွားဖေမေတွေအပြင် အစ်ကိုဖြစ်သူကိုပါ ကန်တော့ခဲ့တဲ့ ချစ်ချစ်တုန်

Next Post

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ဘိုးဘွားဖေမေတွေအပြင် အစ်ကိုဖြစ်သူကိုပါ ကန်တော့ခဲ့တဲ့ ချစ်ချစ်တုန်

လာခိုးမယ်ဆိုလို့ အထုပ်ပြင်ထားပေမယ့် ခိုးရာမလိုက် လိုက်ရတဲ့ ဖြူဖြူကျော်သိန်းရဲ့ အဖြစ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!