• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, March 1, 2021
No Result
View All Result

မိခင်စိတ်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ငလျင်လှုပ်တဲ့အချိန်မှာ သိခွင့်ရလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

We Love Cele by We Love Cele
November 13, 2019
in အနုပညာ
0

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက သာယာလှပတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရင်း အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ကိုင်နေသူပါ။

Image may contain: 3 people, people smiling, people standing

Image may contain: 2 people, people smiling, baby and closeup

နန်းမြတ်ဖြိုးသင်းဟာ သူမချစ်သူ ကိုတာတာမျိုးနဲ့ ချစ်သူသက်တမ်း (၃) နှစ်ကျော်မှာ ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မင်္ဂလာပွဲကို (၃) ပွဲ ကျင်းပခဲ့ပြီး ချစ်ရသူနဲ့ ရွှေလက်တွဲခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး ဂျက်ဂျက်ကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people sitting and baby

Image may contain: 2 people, closeup

သူမဟာ အိမ်ထောင်ရှင်မတစ်ဦးအဖြစ်နဲ့ရော၊ မိခင်တစ်ဦးအဖြစ်နဲ့တင်မက သူမချစ်တဲ့ အနုပညာအလုပ်တွေကိုပါ မလစ်ဟင်းအောင် လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပြီး မြို့နေထိုင်သူ ပြည်သူလူထုတွေ စိုးရိမ်ကြီးခဲ့ရပါတယ်။

Image may contain: 2 people, baby and closeup

မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကလည်း ငလျင်လှုပ်တဲ့အချိန်မှာ ရိုက်ကွင်းတစ်ခုကိုရောက်ရှိနေခဲ့တာပါ။ ငလျင်လှုပ်လို့ စိုးရိမ်တဲ့စိတ်ကြောင့် သူမရဲ့ မိခင်စိတ်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို သိခွင့်ရခဲ့တယ်လို့ သူမရဲ့ ဖေ့ဘုတ်အကောင့်ကနေ ရေးသားလာပါတယ်။

Image may contain: 3 people, people smiling, people standing, sunglasses and outdoor

Image may contain: 2 people, people smiling, people standing

“မိခင်စိတ်များကြောက်စရာ ငလျှင်လှုပ်တဲ့အချိန် junction city မှာရုပ်ရှင်အတွက် talk show ရိုက်နေတာ အလုပ်ထဲရောက်နေတာတောင် လှုပ်တာနဲ့ ဘုရား ငါသေရင်တော့ ငါ့သားလေးတယောက်ထဲ ကျန်ခဲ့တော့မှာပဲလို့ စိတ်ကချက်ချင်း အဲ့တခုထဲကိုပဲဖြစ်သွားတယ် အစွဲတွေ အစွဲတွေ 😱”

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people smiling, people sitting, table and indoor

နန်းမြတ်ဖြိုးသင်းလိုပဲ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သားသမီးတွေအတွက် စိတ်ပူပန်မှု ဘယ်လောက်ကြီးမားလဲဆိုတာ အန္တရာယ်နဲ့ကြုံတွေ့တဲ့အချိန်မှာ သိခွင့်ရကြမှာပါ။ ဒါကြောင့်လည်း မိခင်တိုင်းကို တန်ဖိုးထားပြီး ချစ်မြတ်နိုးကြပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်။

Image may contain: 2 people, people smiling

Credit-Cele Star

Previous Post

အနုပညာကြေးထဲကရတဲ့ ပိုက်ဆံကို စုလည်း စုတယ်၊ လှူလည်းလှူတယ်ဆိုတဲ့ ဖြူဖြူထွေး

Next Post

သတ္တဝါတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ ဆုတောင်းပေးလိုက်တဲ့ ပဉ္ဇင်းဝတ်နဲ့ သရုပ်ဆောင်သူရိယ

Next Post

သတ္တဝါတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ ဆုတောင်းပေးလိုက်တဲ့ ပဉ္ဇင်းဝတ်နဲ့ သရုပ်ဆောင်သူရိယ

ပုဂံက မြန်မာမှုမပျက်ဘဲ သိပ်လှတဲ့ Pre Wedding ပုံရိပ်တွေကို ချပြလိုက်တဲ့ အမရာငြိမ်းတို့ စုံတွဲ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!