• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အနုပညာကြေးထဲကရတဲ့ ပိုက်ဆံကို စုလည်း စုတယ်၊ လှူလည်းလှူတယ်ဆိုတဲ့ ဖြူဖြူထွေး

We Love Cele by We Love Cele
November 13, 2019
in အနုပညာ
0

ဖြူဖြူထွေးကတော့ အနုပညာကြေးက ရတဲ့ ပိုက်ဆံတွေကို စုဆောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ စုလည်း စု သလို လှူလည်း လှူရတာ ပျော်တယ်လို့ ပြောပါတယ်။

Image may contain: 1 person, smiling, standing, flower, nature and outdoor

ဖြူဖြူထွေးကတော့ သူမရဲ့ အနုပညာအလုပ်က ရတဲ့ ငွေကြေးအနည်းငယ်ကို စုဆောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ငွေရှာရတာ အရမ်းခက်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါသေးတယ်။

Image may contain: 1 person, smiling, flower, plant, outdoor and nature

‘’ပိုက်ဆံ ဆိုတာက ရှာတာတော့ မတရားခက်တာလေ။ ပြောမနေနဲ့ ခက်တာ ဘယ်လိုရှာရှာခက်တယ်။ တကယ်ကို လက်ထဲမှာ ပိုက်ဆံတွေ အများကြီးရပြီဟေ့ဆိုရင် ဘယ်ကနေ ဘယ်လို ကုန်သွားမှန်းမသိဘူး။ ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်က စုဘူးလေးတွေနဲ့ ဖြစ်ဖြစ်၊ ဘဏ်ထဲမှာလည်း ကိုယ့်အကောင့်လေးနဲ့ စုထားမယ်ဆိုရင်တော့ ဥပမာ- တစ်လကို တစ်သောင်းလောက်ပဲစု တော်တော်ကျန်တယ်။ လုပ်ကြည့်နော်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ‘’ရောသမမွှေ’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 1 person, smiling, standing and flower

သူမကိုယ်တိုင်ကလည်း လိုချင်တဲ့ ပစ္စည်းတွေရှိရင်တောင် ဝယ်သုံးလေ့ မရှိဘူးလို့ ဆိုပါတယ်။ အဝတ်အစားတွေကိုလည်း လိုအပ်မှ ချုပ်ဝတ်တာလို့ ပြောပါတယ်။‘’ ကိုယ်က ဘာမှကို မသုံးတာများတယ်။ အဝတ်အစားဆိုလည်း လိုအပ်မှချုပ်တာ၊ လိုအပ်မှသုံးတာ။ သုံးစရာမရှိလို့ ပိုနေတယ်ဆိုရင်လည်း သုံးပုံ ပုံရင် တစ်ပုံကို လှူတယ်၊ တစ်ပုံကို မိဘပေးတယ်။ တစ်ပုံကို ကိုယ်စားမယ်သောက်မယ်ပေါ့နော်။ တစ်ခါတလေ ၄ ပုံလောက်ရှိရင်တော့ တစ်ပုံကို စုတယ်’’ လို့ ဆိုပါတယ်။

Image may contain: 1 person, smiling, standing and outdoor

ဖြူဖြူထွေးက သူမရဲ့ အသုံးအဆောင်တွေကိုလည်း ဈေးနှုန်း အတော်အသင့်ရုံလောက်သာ ဝယ်သုံးဖြစ်တယ်လို့ ဆိုပါတယ်။‘’ အိမ်မှာလာကြည့်ပါလား ၂၅၀၀ တန် ကတ္တီပါ ဖိနပ်ပဲရှိတယ်။ တခြားဟာတွေ မကြိုက်တာမဟုတ်ဘူး။ မဝယ်နိုင်တာ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝယ်သုံးလိုက်မယ်ဆိုရင် တစ်ခါပဲ သုံးလို့ရမှာလေ။ ဝယ်မသုံးတာပဲကောင်းတယ်။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာရှောင်တာပဲများတယ်။ အဲဒီပိုက်ဆံလေးကို ကိုယ်တတ်နိုင်သလောက် လှူတာပဲများတယ်။ နောင် ပါသွားမယ့်ဟာပဲယူတယ်။ မပါတဲ့ဟာ မယူတော့ဘူး’’ လို့ ဆိုပါတယ

Image may contain: 1 person, smiling, standing and outdoor

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။

Credit-ဆယ်လီရပ်ကွက်

Previous Post

သမီးလေးရဲ့ မွေးနေ့ကို ဖခင်နဲ့အတူ ပျော်ရွှင်စွာ ကျင်းပပေးခဲ့တဲ့ မျိုးစန္ဒီကျော်

Next Post

မိခင်စိတ်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ငလျင်လှုပ်တဲ့အချိန်မှာ သိခွင့်ရလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

Next Post

မိခင်စိတ်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ငလျင်လှုပ်တဲ့အချိန်မှာ သိခွင့်ရလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

သတ္တဝါတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ ဆုတောင်းပေးလိုက်တဲ့ ပဉ္ဇင်းဝတ်နဲ့ သရုပ်ဆောင်သူရိယ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!