• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, March 6, 2021
No Result
View All Result

ကွယ်လွန်သူ ထင်ပေါ်ရဲ့ အဝတ်အစားဟောင်းတချို့ကိုလှူရင်း ထင်ပေါ့်အကြောင်းတွေကို ပြောပြခဲ့တဲ့ ဧရာ

We Love Cele by We Love Cele
November 13, 2019
in အနုပညာ
0

တစ်ချိန်က မင်းသားချော လွင်မိုးနဲ့တူတယ်ဆိုပြီး နာမည်ကြီးတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ထင်ပေါ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ထင်ပေါ်က သူရဲ့ အအောင်မြင်ဆုံး အချိန်ကာလမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေ၊ သူ့ရဲ့လုက်ဖော်ကိုင်ဖက်တွေ ကတော့ ဒီနေ့ဒီအချိန်ထိ သတိရနေဆဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း လူရွှင်တော်ကြီး ဧရာက သူ့အိမ်မှာရောက်နေတဲ့ ကွယ်လွန်သူ ထင်ပေါ်ရဲ့ အဝတ်အစားအဟောင်းတွေကို မျိုးဆက်သစ် လူရွှင်တော်များထံ လှူဒါန်းပေးခဲ့ရင်း သွားလေသူ ထင်ပေါ်ရဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။

Image may contain: 2 people, people smiling, people standing, eyeglasses and child

“ဆရာဦးဧရာမှ ဟေ့ကောင်တွေ ရုပ်ရှင်Vdoသရုပ်ဆောင် လူရွှင်တော်ထင်ပေါ်(ကွယ်လွန်)က ငါ့အိမ်မှာ သူ့အဝတ်အစားတွေကို မျိုးဆက်သစ်လူရွှင်တော်ကို ပြန်လှူချင်လို့ဆိုပြီး ထင်ပေါ့်  တူမတစ်ယောက်က လာပို့ထားတယ် လာယူဆိုပြီး သွားတော့ ကျွန်တော်တို့ထင်ထားတာက တစ်ထုတ်နှစ်ထုတ်လောက် အောက်မေ့တာ တစ်ကယ်တန်းသွားယူတော့ ခုမြင်တဲ့အတိုင်း ကားတစ်စီးအပြည့်။”

“ကိုထင်ပေါ်ရဲ့ အောင်မြင်မှု..သူ့ကို မမှီလိုက်ရပင်မဲ့ သူ့ရုပ်ရှင်ကားတွေ ကြည့်ရပါတယ် သူ့ကိုကြည့်ပြီးအားကျခဲ့ရတဲ့အချိန် တွေပြန်တောင်သတိရနေမိပါတယ်။ ခုလိုမျိုး ပြန်လည်လှူဒါန်းပေးတော့ သူ့ဝတ်အဝတ်အစားတွေကျွန်တော်တို့ လူရွှင်တော်မျိုးဆက်သစ်များပေါပေါသီသီဝတ်ရတာပေါ့ဗျာ။ သူ့ကို အမှတ်တရသတိရပြီး စကားတွေပြောကြ ဆရာဦးဧရာကလည်း ပြောရှာပါတယ်။”

“ဒီအဝတ်အစားတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုး သူ့ကိုပေးထားတဲ့အထည်တွေတော်တော် များများပါတယ်ကွ.. ဘာလို့လည်းဆိုတော့ သူ့ကို အရမ်းချစ်တာတဲ့ လူရွှင်တော်များ ကံကောင်းပြီးရင် ကံကောင်းပေါ့ အောင်မြင်နေတဲ့အချိန် ရုပ်ရှင်မင်းသားကပါ ထပ်ချစ်တော့ ပြီးပြီပေါ့။ ကျွန်တော်တို့ အားကျခဲ့ရတဲ့ လူရွှင်တော်ပါ။”

Image may contain: 3 people, people smiling, people standing and indoor

“မှတ်မှတ်ရရ ပုံတော့ရှာမရလို့ မဆုန်သင်းပါရ်ရဲ့ လူရွှင်တော်ဆိုတဲ့ တေးစီးရီးမှာ သူသရုပ်ဆောင်ရတာ အဲ့ခေတ်က သီချင်းကို သရုပ်ဆောင်ရတဲ့ အခွင့်အရေး နည်းမှတ်လို့ဗျာ။ အင်မတန် နံမည်ကြီးတဲ့ လူရွှင်တော်ပါ။ ရုပ်ရှင်မင်းသား ဒွေးကလည်း တော်တော်ချစ်ဆိုပဲ။”ဆိုပြီး ပြောလာလာတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ထင်ပေါ်က ကွယ်လွန်သွားတာ အတော်ကြာပြီဖြစ်ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီနေ့အချိန်ထိ သတိရနေကြဆဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Image may contain: 1 person, hat, outdoor and closeup

Credit-မိုမိုလေး

Previous Post

Myanmar Idol ကပြိုင်ပွဲဝင်တစ်ဦးကို ရှိသမျှအကုန်ပေါင်နှံရောင်းချပြီး Vote ပေးမယ်ဆိုတဲ့ နေမင်း

Next Post

ခီမောင်နှံနဲ့တွေ့ခိုက် J' donut လေးတွေ စားပါဦးလို့ နောက်လိုက်တဲ့ သက်မွန်မြင့်

Next Post

ခီမောင်နှံနဲ့တွေ့ခိုက် J' donut လေးတွေ စားပါဦးလို့ နောက်လိုက်တဲ့ သက်မွန်မြင့်

မိသားစုမပါဘဲ ပထမဆုံးခရီးသွားနေတဲ့ သမီးကြီးကို အိမ်ကနေလှမ်း checking လိုက်နေတဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!