• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, March 6, 2021
No Result
View All Result

လော်စပီကာဒဏ်တွေထဲမှာ သူ့သီချင်းသူပြန်ကြားနေရတဲ့ဒဏ်ကြောင့် စိတ်ညစ်နေတဲ့ စိုင်းစိုင်း

We Love Cele by We Love Cele
November 14, 2019
in အနုပညာ
0

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်တော့ သူ့သီချင်းသံနဲ့သူ နားတွေငြီးလွန်းလို့ စိတ်ညစ်နေပါသတဲ့ ။ လက်ရှိအချိန်က အလှူပွဲရာသီဖြစ်တာကြောင့် နေရာတိုင်းလိုလိုမှာ အလှူခံမဏ္ဍပ်တွေက ဆောင်းဘောက်တွေ၊ လော်စပီကာတွေနဲ့ သီချင်းတွေဖွင့် အလှူခံကြနဲ့ ရှိနေတာပါ။

Image may contain: 1 person, standing and indoor

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” လော်စပီကာသံခံရတဲ့အထဲမှာ ကိုယ့်ရဲ့ အသံနဲ့ကိုယ် ပြန်ခံရတာက အဆိုးဆုံးပဲ” လို့ ပြောလိုက်တာပါ။ လော်စပီကာသံအတွက် ရပ်ကွက်တကာမှာ လူတိုင်းလိုလို ဒဏ်ခံရ စိတ်ညစ်နေကြရတာဖြစ်ပေမယ့် အလှူခံ၊ အလှူမဏ္ဍပ် အလှူကိစ္စအတွက် ဖြစ်နေတာမို့ ဘယ်သူကမှတော့ တားမြစ်တာမျိုး မရှိကြပါဘူး။

Image may contain: 1 person, sitting, table and indoor

အလှူခံမဏ္ဍပ်တွေမှာ မနော၊ ဗီဗာဟိန်း နဲ့ စိုင်းစိုင်းအပြင် တစ်ခြားအဆိုတော်တွေရဲ့ သီချင်းတွေ၊ အလှူသီချင်းတွေ၊ တရားတွေကို ဖွင့်လှစ်လေ့ရှိကြပါတယ်။

စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ ဒါဆိုရင် သူတို့တွေက လော်စပီကာ နှိပ်စက်ခံရတဲ့ထဲမှာ သူများအသံနဲ့ နှိပ်စက်ခံရတာမို့ တော်သေးတာပေါ့လို့ ပြန်စထားတာကိုလည်း တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ဖွင့်ခံရတာကိုပဲ ဂုဏ်ယူလိုက်ပါတော့ စိုင်းစိုင်းရေလို့ ပြောရမလိုပါပဲ။

Image may contain: 2 people, people smiling, people standing, plant and outdoor

Credit-Cele Star

Previous Post

မိသားစုမပါဘဲ ပထမဆုံးခရီးသွားနေတဲ့ သမီးကြီးကို အိမ်ကနေလှမ်း checking လိုက်နေတဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း

Next Post

မန်နေဂျာဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ မြင့်မြတ်

Next Post

မန်နေဂျာဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ မြင့်မြတ်

ဘဝမှာ နိဗ္ဗာန်ဈေးဆိုတာကို ပထမဆုံးအကြိမ်ကြုံဖူးလို့ အရမ်းပျော်နေတဲ့ လင်းဇာနည်ဇော်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!