သရုပ်ဆောင် စန္ဒီမြင့်လွင်ဟာဆိုရင် သမီးဦးလေး Treasure Lwin ကို အရမ်းချစ်ပြီး သမီးလေးရဲ့ အမှတ်တရပုံလေးတွေကို သူမရဲ့ အမှာစကားလေးတွေနဲ့ တွဲပြီး တင်လေ့ရှိတဲ့ မေမေတစ်ဦးပါ။
အခုလည်း အသက် ၄လပြည့်သွားတဲ့ သမီးလေး Treasure Lwin အတွက် သူမရဲ့ ချစ်စဖွယ်အမှာစကားလေးကို ပါးလိုက်ပြန်ပါတယ်။ စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့ဘုတ်မှာ ” စကားပြောရင် ကျနော် ကျနော်နဲ့ ဂျင်းဘောင်းဘီအမြဲဝတ်တဲ့ သိပ်မိုက်တဲ့ ကောင်မလေး တစ်ယောက် ဒီနေ့ လေးလပြည့်သွားပါပြီ။ မေမေ စိတ်ပူအောင် တစ်ယောက်တည်းတော့ လျှောက်မသွားနဲ့။ မေမေနဲ့ တူတူ လိမ့်ကြမယ်နော်” လို့ အရွှန်းဖောက်ပြီး ပြောလိုက်တာပါ။
မေမေစန္ဒီမြင့်လွင်ကတော့ သမီးလေးကြီးလာရင် တကယ်ကြီး အတူလိမ့်ကြမယ့် ဒီဇိုင်းပါပဲနော်။ အခုတည်းက သမီးလေး မြန်မြန်ကြီးပါစေ ဆုတောင်းနေလောက်ပြီထင်ပါ့။ စန္ဒီမြင့်လွင်က လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းတွေဘက်ကို တိုးချဲ့လုပ်ကိုင်နေတာတွေ့ရပြီး မင်းသမီးပိုးထည်ဆိုင်ရော၊ Bar ဆိုင်လေးတွေပါ ဖွင့်လှစ်ထားတာလည်း တွေ့ရပါတယ်။
သူမက သမီးလေးကြီးလာရင် အကုန်အဆင်ပြေစေဖို့ ကြိုးစားနေတာဖြစ်ပြီး မကြာသေးခင်ကလည်း သမီးလေးကို သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ သားသားလေးနဲ့ ပေးစားမယ်ဆိုပြီး အရွှန်းဖောက်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။
Credit-Cele Star