• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

စကားတတ်တဲ့ သားလေး ရွှေပိုင်ရဲ့ ဖေဖေ့အကြောင်း ကဗျာလေးကြောင့် မျက်ရည်ဝဲခဲ့ရတဲ့ ဇော်ပိုင်

We Love Cele by We Love Cele
November 15, 2019
in အနုပညာ
0

ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆိုတော်ကြီး ဇော်ပိုင်ကတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အောင်မြင်မှုတွေ များစွာရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ လက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ လုပ်နေဆဲပါပဲ။ သူနဲ့ တပုံစံတည်းတူတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ ဇော်ပိုင်ကတော့ လတ်တလောမှာ သားလေးရဲ့ချစ်ခြင်းမေတ္တာလေးတစ်ခုကြောင့် ပျော်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စကားတတ်တဲ့ သားလေး ရွှေပိုင်ကြောင့် ဖေဖေဇော်ပိုင်တစ်ယောက် မျက်ရည်ဝဲတဲ့အထိကို ဖြစ်ခဲ့ရတာပါတဲ့နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းစကားတတ်တဲ့ သားလေးရွှေပိုင်ရဲ့ ကဗျာကြောင့် မျက်ရည်တောင် ဝဲခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ဖေဖေကြီးဇော်ပိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇော်ပိုင်ကတော့ “ရွှေပိုင့်ကျောင်းက ရွှေပိုင်ရေးတဲ့ ဖေဖေ့အကြောင်း ကဗျာ လေးပို့လိုက်တာ မျက်ရည်တောင်ဝဲမိတယ်…ခွန်အားတွေပေးတဲ့ သားလေးကျေးဇူးပါ🥰သူကြိုက်တဲ့ ကုလားအုတ်ကစ..သူ့အကြိုက်ဆုံးဆင်နဲ့ အဆုံးသတ်ထားတယ် သူ့အိုင်ဒီယာလေးချစ်လို့🥰” ဆိုပြီး သူ့အကြောင်း ရေးသားထားတဲ့ သားလေးရွှေပိုင်ရဲ့ ကဗျာလေးကြောင့် ကြည်နူးလွန်းလို့ မျက်ရည်တောင် ဝဲခဲ့ရတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဖေဖေ ဇော်ပိုင်ကို အမွှန်းတင်ထားတဲ့ သားလေး ရွှေပိုင်ရဲ့ကဗျာလေးက တကယ့်ကို ချစ်စရာလေးပါပဲနော်။

အဆိုတော်ကြီး ဇော်ပိုင်ရဲ့သားလေး ရွှေပိုင်ကတော့ စကားပြောလည်း အရမ်းယဉ်ကျေးပြီး၊ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက ချီးကျူးပြီး အချစ်ပိုနေရတဲ့ ကလေးလေးဆိုရင်လည်း မမှားပါဘူး။ ချစ်ပရိသတ်တွေလည်း စကားတတ်လွန်းတဲ့ ဇော်ပိုင်ရဲ့တစ်ဦးတည်းသောသားလေး ရွှေပိုင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-မိုမိုလေး

Previous Post

လေးတန်းနှစ်တည်းက ကွဲကွာသွားတဲ့ ဖခင်နဲ့ နောက်ဆုံးမှာ ပြန်ဆုံတွေ့ခွင့်ရခဲ့တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ထက်အဉ္စလီ

Next Post

အစားအသောက်ကောင်းတွေ စားတိုင်း ချစ်တဲ့မိန်းမကို သတိရနေတယ်ဆိုတဲ့ ရွှေထူး

Next Post

အစားအသောက်ကောင်းတွေ စားတိုင်း ချစ်တဲ့မိန်းမကို သတိရနေတယ်ဆိုတဲ့ ရွှေထူး

Pre Wedding ပုံလေးတွေတင်ပြီး ပရိသတ်တွေကို အံ့သြသွားစေခဲ့တဲ့ လူပျိုကြီး ခန့်စည်သူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!