မနေ့က နိုဝင်ဘာလ (၁၅) ရက်နေ့ကတော့ Myanmar Idol Season (4) Week 3 ရဲ့ Result Show အခမ်းအနားကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပြိုင်ပွဲဝင် နော်စေးစေးထူးကို ဒိုင်တွေက save လုပ်ခဲ့တာကြောင့် ဒီအပတ်မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက် နှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။
နေလင်းကျော်နဲ့ နှင်းအိအိဝင်း တို့ Week 3 မှာတင် အိမ်ပြန်နှုတ်ဆက်သွားရလို့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် နေလင်းကျော်ကလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပရိသတ်တွေကို အခုလိုပဲ ပြောပြထားပါတယ်။
“မညာတမ်း ဝန်ခံရရင် ကျွန်တော် မျှော်မှန်းထားခဲ့တဲ့ အရာတွေ မချပြနိုင်ခဲ့တဲ့အတွက် ပြန်တွေးတိုင်း တွေးတိုင်း အရမ်းဝမ်းနည်းပါတယ်။ ကျွန်တော့် ဘဝရဲ့ အကောင်းဆုံးတွေကိုပဲ ချပြချင်ခဲ့တာပါ။ ချပြဖို့ အခွင့်အရေးသိပ်မရခဲ့တဲ့အတွက်လည်း အမြဲတမ်း နောင်တသင်ခန်းစာ ရနေမှာပါ 😔”
“ချစ်ခင်အားပေးကြတဲ့ ညီအစ်ကိုမောင်နှမ အယောက်စီတိုင်းကိုကျေးဇူး အများကြီးတင်ပါတယ်။ 🙏🙏🙏🙏🙏🙏 God Bless U 😇” ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုထားပါတယ်။
နေလင်းကျော်ကတော့ Week 3 နဲ့တင် နှုတ်ဆက်ထွက်ခွာသွားခဲ့ရပေမယ့် သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ ဒီနေ့အချိန်ထိ အားပေးနေကြဆဲပါပဲ။ နေလင်းကျော်တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမှာ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit-မိုမိုလေး