သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ သမီးလေးဖြစ်သူ ရွှန်းရွှန်းနဲ့ ခရီးတွေထွက်နေတာတွေ့ရပါတယ်။
ခိုင်နှင်းဝေပရဟိတအဖွဲ့ကိုဖွဲ့စည်းထားပြီး လိုအပ်မှုတွေရှိနေတဲ့ လူ့ဘောင်အဖွဲ့အစည်းကိုလည်း တစ်ဘက်တစ်လမ်းကနေ လိုက်လံကူညီမှုတွေ ပြုလုပ်ပေးနေသူပါ။ ဒါ့အပြင် အကူအညီလိုအပ်လျက်ရှိနေတဲ့ ကလေးငယ်လေးတွေကိုလည်း ပြုစုပျိုးထောင်မှုတွေပေးနေတာလည်းဖြစ်ပါတယ်။
ခိုင်နှင်းဝေက သမီးငယ်လေး ရွှန်းရွှန်းကို မွေးစားပြီးနောက် မိခင်မေတ္တာတွေလည်း အပြည့်အဝပေးနေသူပါ။ သမီးလေးရွှန်းရွှန်းနဲ့အတူ ခရီးတွေသွားနေတဲ့ မေမေခိုင်နှင်းဝေတစ်ယောက် မိခင်ဖြစ်လာတဲ့ခံစားချက်လေးတွေကိုလည်း မကြာခဏဆိုသလို မျှဝေလေ့ရှိပါသေးတယ်။
သမီးလေးရွှန်းရွှန်းရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ချစ်စဖွယ်မှတ်တမ်းတင်တတ်တဲ့ ခိုင်နှင်းဝေက အဖွားဖြစ်သူရဲ့စတိုင်အတိုင်း အတုခိုးပြီး လမ်းလျှောက်နေတဲ့ ရွှန်းရွှန်းဗီဒီယိုလေးကို သူမလူမှုကွန်ယက်မှာမျှဝေထားပါတယ်။
“ဘယ်လိုတွေတောင်လား ရွှန်းရွှန်းရယ် သူ့အဖွားလမ်းလျှောက်သလိုလျှောက်ပြီး လိုက်စနေတာ ။ သူလိုက်စတတ်နေပြီ …” လို့ သမီးလေးရွှန်းရွှန်းရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို ပြောပြထားတာပါ။
ခိုင်နှင်းဝေတို့သားအမိကို ချစ်ကြတဲ့ပရိသတ်အတွက် ရွှန်းရွှန်းတို့ မြေးအဘွားရဲ့ ချစ်စရာဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။
Credit-Cele Star