သရုပ်ဆောင်နဲ့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin ကတော့ သရုပ်ဆောင် ဆုပန်ထွာရဲ့ သားလေး Roar Roar နဲ့ အတူ ဆော့ကစားရလို့ ပျော်နေပါတယ်တဲ့။
စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့ဘုတ်မှာ သမီးလေးနဲ့ Roar လေး အတူဆော့နေတဲ့ ပုံလေးတွေတင်ပြီး ” မနေ့ က ကိုကိုroar roar နဲ့ ညီမလေး Treasure တို့ အတူဆော့ကစားခဲ့ပါတယ်။ ကိုကိုက ညီမလေးကို အကျီလက်ဆောင်လာပေးတာ ကိုကိုနဲ့ ဆော့ရတာပျော်လို့  နောက်တစ်ခေါက်ထပ်ဆော့မယ်နော် ကိုကိုရေ” ဆိုပြီး ပြောလိုက်တာဖြစ်ပါတယ်။
သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ သမီးလေးဟာ အသက် ၄လကျော်ပြီဖြစ်ပြီး ပါးဖောင်းဖောင်းနဲ့ အရမ်းချစ်ဖို့ကောင်းလို့ သူမရဲ့ ပရိသတ်တွေတောင် ရရှိနေတဲ့ အနုပညာရှင် ရင်သွေးတစ်ဦးလို့လည်းဆိုရမှာပါ။
သမီးလေး Treasure Lwin ရဲ့ မျက်နှာကကြီးလွန်းလို့ ကိုကို Roar လေးရဲ့ မျက်နှာထက်တောင်ကြီးနေပါသေးတယ်နော်။ ကဲဒါဆိုရင် ဆုပန်ထွာရဲ့ သားသားလေးနဲ့ ဒီးဒီ ရဲ့ သမီးလေးတို့ ဘယ်လိုတွေတောင် ပျော်ရွှင်နေလဲဆိုတာကို ပုံလေးတွေမှာကြည့်ကြည့်လိုက်ပါဦးနော်။
Cele Star