• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

အလှူရှင်မလုံလောက်လို့ ဒုက္ခရောက်နေတဲ့ သမီးလေးအတွက် လိုအပ်ငွေကို ကူညီပေးခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစု

We Love Cele by We Love Cele
November 20, 2019
in အနုပညာ
0

အဆိုတော်လင်းလင်း၊ သရုပ်ဆောင်ချစ်သုဝေနဲ့ သမီးလေး ခေတ်ခေတ်သစ်သစ် မိသားစုအနေနဲ့ တင်ပါးဆစ်အစားထိုးကုသဖို့ အလှူငွေလိုအပ်နေတဲ့ သမီးလေး လှယမင်းအတွက် လိုအပ်နေတဲ့ငွေကို လှူဒါန်းပေးလိုက်တယ်လို့ သိရပါတယ်။

Image may contain: 5 people, people smiling, people standing and wedding

Image may contain: 2 people, people smiling, people standing

လှယမင်းဆိုသူ မိန်းကလေးဟာ လက်ရှိမှာ အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး အသက် ၁၉ နှစ်ကတည်းက သွေးလေးဖက်နာရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ အဖေက လေဖြတ်နေပြီး အမေဖြစ်သူက ရွှေဘိုနယ်၊ သံပုရာခြံရွာမှာ ကုန်စိမ်းရောင်းသူဖြစ်လို့ ဆေးကောင်းကောင်းကုသနိုင်ခြင်း မရှိခဲ့ရာကနေ အခုရောဂါဆိုးလာချိန် မန္တလေးအရိုးဆေးရုံမှာ ဆေးကုသတဲ့အခါကျမှ တင်ပါးအဆစ်က လုံးဝမကောင်းတော့တာကို သိလိုက်ရတာပါ။ ဆေးရုံက ခွဲစိတ်ခမယူပဲ အခမဲ့ ခွဲပေးပေမယ့် တင်ပါးစတီးခွက်ကိုတော့ ဆေးကုမ္ပဏီကနေ ဝယ်ရမှာပါတဲ့၊ တန်ဖိုးက သိန်း ၂၀ ဖြစ်လို့ အလှူရှင်တွေကို ONE TO ONE လူနာကူညီရေးက ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ လှယမင်းအတွက် အလှူငွေပေးအပ်လှူဒါန်းကြတဲ့ အလှူရှင်တွေပေါ်ပေါက်လာခဲ့ပေမယ့် ကျပ် ၁၃ သိန်း လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people sitting

ဒီလိုအခြေအနေမှာ လိုအပ်နေတဲ့ ငွေကျပ် ၁၃ သိန်းကို အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုက စေတနာအပြည့်နဲ့ ကူညီလှူဒါန်းပေးခဲ့လို့ ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာဆိုရင် ခွဲစိတ်ကုသတော့မယ်လို့ သိရပါတယ်။

Image may contain: one or more people and indoor

Image may contain: one or more people and indoor

အဆိုတော်လင်းလင်းက သူ့ရဲ့ ဖေ့ဘုတ်မှာ အဆိုပါလှူဒါန်းမှုလေးကို ပြန်တင်ခဲ့ပြီး သမီးလေးအမြန်ဆုံးပြန်လည်ကောင်းမွန်ဖို့ကိုလည်း ဆုတောင်းပေးခဲ့ပါသေးတယ်။

Image may contain: 4 people, people smiling

Cele Star

Previous Post

အဖြစ်မှန်ကို ဖွင့်ဟလိုက်ပြီဖြစ်တဲ့ အွန်လိုင်းမှာနာမည်ကြီးနေတဲ့ မိတ်ကပ်လင်းလင်းရဲ့ ချစ်သူ

Next Post

ပထမဆုံးရေစကူးရတဲ့နေ့မှာ အံ့သြရလောက်အောင် ကျွမ်းကျင်စွာကူးတတ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေး Treasure Lwin

Next Post

ပထမဆုံးရေစကူးရတဲ့နေ့မှာ အံ့သြရလောက်အောင် ကျွမ်းကျင်စွာကူးတတ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေး Treasure Lwin

အခက်အခဲကြုံနေတဲ့ G Fatt ကို အကူအညီပေးခဲ့ကြတဲ့ လမ်းဘေးက ပန်းရောင်းတဲ့ ကလေးတွေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!