• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

အဖြစ်မှန်ကို ဖွင့်ဟလိုက်ပြီဖြစ်တဲ့ အွန်လိုင်းမှာနာမည်ကြီးနေတဲ့ မိတ်ကပ်လင်းလင်းရဲ့ ချစ်သူ

We Love Cele by We Love Cele
November 20, 2019
in အနုပညာ
0

မကြာသေးမှီရက်ပိုင်းအတွင်း မိတ်ကပ်လင်းလင်းနဲ့ လက်ချင်းတွဲထားတဲ့ ချောချောလှလှ အရပ်ရှည်ရှည် အမျိုးသားတစ်ဦးကို လင်းလင်းရဲ့ ချစ်သူအဖြစ် သတင်းတွေပျံ့နှံ့ခဲ့တာ အားလုံးလည်း သိရှိကြပြီးဖြစ်မှာပါ။

Image may contain: 1 person, smiling, guitar

Image may contain: 4 people, people standing

အခုကတော့ အဆိုပါပုံထဲက လင်းလင်းနဲ့ လက်တွဲထားသူ နေမင်းဆက်က သူနဲ့ လင်းလင်းရဲ့ တကယ့်အဖြစ်မှန်ကို ဖွင့်ဟပြောဆိုလိုက်တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing, stadium and outdoor

နေမင်းဆက်ဟာ မော်ဒယ်လ်တစ်ဦးဖြစ်ပြီး မိတ်ကပ်လင်းလင်းနဲ့လည်း ခင်မင်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလူတွေဝေဖန်နေကြသလို မိတ်ကပ်လင်းလင်းရဲ့ ချစ်သူတော့ မဟုတ်ရပါဘူးတဲ့။ သူနဲ့ လင်းလင်းက ပွဲတစ်ပွဲမှာ ဆုံခဲ့ကြပြီး အခုလိုဓါတ်ပုံတွဲရိုက်ကြရာကနေ ထင်မြင်ခံလိုက်ရတာပါလို့ သူကဆိုပါတယ်။ ဒီပုံထဲမှာ တစ်ခြားသူတွေလည်း ပါပေမယ့် သူတို့နှစ်ဦးထဲကို Crop လုပ်ပြီး တင်လိုက်တာပါလို့လည်း သူကဆိုပါတယ်။

Image may contain: 1 person, smiling, sunglasses

သူက ယောက်ကျားတွေကို မကြိုက်ပါဘူး၊ မိန်းမပဲ ကြိုက်တာပါလို့လည်း တရားဝင်ဖွင့်ဟလိုက်ပါသေးတယ်။ နေမင်းဆက်က သူ့ရဲ့ ဖေ့ဘုတ်မှာ သတင်းအမှားတွေထပ်မဖြန့်ကြပါနဲ့ အင်တာဗျူးဖြေပေးပါမယ်ဆိုပြီး တင်ထားတာကိုလည်း တွေ့ရပါတယ်။

Image may contain: 1 person, smiling, outdoor

နေမင်းဆက်ရဲ့ fan တွေကလည်း မာမီလင်းလင်းရဲ့ ချစ်သူလားလို့ လာမေးကြတယ်လို့ သိရပြီး သူက ဖေ့ဘုတ်မှာ ဒင်းလက်ကိုင်လိုက်တာနဲ့ FA တော့တသက်လုံးဖြစ်ပါပြီကွာလို့ အရွှန်းဖောက်ပြောဆိုထားပါသေးတယ်။

Image may contain: 1 person, smiling, sitting

ကဲ ဒါဆိုရင်တော့ ပရိသတ်ကြီးလည်း လတ်တလောနာမည်ကြီးနေတဲ့ လင်းလင်းချစ်သူဆိုတဲ့အကြောင်းကို သိရှိကျေနပ်လောက်ပြီထင်ပါတယ်နော်။

Image may contain: 1 person

Cele Star

Previous Post

ပရိသတ်က ချစ်လွန်းလိုဆိုပြီး ဆွဲထားတဲ့ဆွဲကြိုးကိုချွတ်ပေးပြီး ဆုချခံခဲ့ရတဲ့ အိမ့်ချစ်

Next Post

အလှူရှင်မလုံလောက်လို့ ဒုက္ခရောက်နေတဲ့ သမီးလေးအတွက် လိုအပ်ငွေကို ကူညီပေးခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစု

Next Post

အလှူရှင်မလုံလောက်လို့ ဒုက္ခရောက်နေတဲ့ သမီးလေးအတွက် လိုအပ်ငွေကို ကူညီပေးခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစု

ပထမဆုံးရေစကူးရတဲ့နေ့မှာ အံ့သြရလောက်အောင် ကျွမ်းကျင်စွာကူးတတ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေး Treasure Lwin

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!