• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, January 27, 2021
No Result
View All Result

ကျားပေါက်တို့ အိမ်ထောင်ရေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ Mary

We Love Cele by We Love Cele
November 22, 2019
in အနုပညာ
0

Mary ကတော့ အဆိုတော်ကျားပေါက်တို့ရဲ့ အိမ်ထောင်ရေးကိစ္စမှာ သူမနဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့တဲ့အပေါ်တုံ့ပြန်ဖြေရှင်းမှာမဟုတ်ပါဘူးတဲ့။ တစ်မိသားစုလုံးနဲ့လည်း ရင်းနှီးသလို၊ စိတ်ခံစားချက်ကလည်း ရှင်းလင်းပါတယ်တဲ့။

Image may contain: 2 people, people smiling, outdoor

Mary ကတော့ အဆိုတော်ကျားပေါက်တို့ အိမ်ထောင်ရေးပြိုကွဲတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အဲဒီနောက် သူမနဲ့ကျားပေါက်တို့ တွဲနေတာလားဆိုပြီးတော့ သတင်းတွေ ထွက်ခဲ့တဲ့ အပေါ်မှာလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။

“ အဓိက ကတော့ ကိုကျားနဲ့ သီချင်းလုပ်ဖူးလို့ထင်ပါတယ်။ Mary ထင်တာကတော့ ကိုကျားနဲ့ သီချင်းလုပ်ဖူးတဲ့ မိန်းကလေးတွေက နည်းတယ်။ အလုပ်အတူတူတွဲလုပ်တဲ့ မိန်းကလေးလည်း သိပ်မရှိဘူးလေ။ ဒါက Mary ထင်တာပါ တခြားအကြောင်းအရာတော့ ဘာမှ မရှိဘူး။ မမဇုံနဲ့ Mary လည်း အပြင်မှာခင်တယ်။ Family တစ်ခုလုံးနဲ့သိတယ်၊ Gym လည်း အတူတူပဲလေ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ညက ဝတ်မှုံရွှေရည်ရဲ့ Fan Meeting ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Mary ဟာ ကျားပေါက်တို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကောလာဟလ သတင်းတွေထဲမှာ သူမရဲ့ နာမည်ပါ ပါဝင်လာခဲ့တဲ့အပေါ် ပြန်လည်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

“ Mary အတွက် ထိခိုက်စရာဘာမှမရှိဘူး ကိုယ်က ရှင်းတာကိုး။ ကိုယ်ကလည်းရှင်းတယ်၊ အားလုံးကလည်းသိတယ်၊ Mary Fan တွေကလည်းသိတယ်။ ကောလာဟလဆိုတာကလည်း အမှန်အတိုင်းပြောရရင် Post တစ်ခုလောက်ပဲတွေ့တာ။ Mary မန်နေဂျာကတောင်ပြောသေးတယ် ဒီလိုတွေ ပြောနေတယ်ပေါ့။ Mary မဟုတ်မှန်းလူတိုင်းသိတာပဲ ဖြေရှင်းစရာမှ မလိုတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Mary ကိုယ်တိုင်ကလည်း Broken Family ကနေ ကြီးပြင်းလာတဲ့သူတစ်ယောက်ပါလို့ ဆိုပါတယ်။ အရွယ်ရောက်လာမှသာ ဒီလိုခံစားချက်တွေကို နားလည်နိုင်ခဲ့တာပါတဲ့။

“Mary ကတော့ ဘယ် Family မဆိုသာယာစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ Mary ကလည်း Broken Family ကလာတဲ့အတွက်ကြောင့်။ကိုယ်သိလိုက်ရတာကတော့ Family တစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူး။ Family တစ်ခု တည်မြဲတဲ့ မိသားစုတွေအတွက်လည်း ဂုဏ်ယူတယ်။ တစ်ဖက်မှာ ပြိုကွဲခဲ့တဲ့ သူငယ်ချင်းတွေ အတွက်လည်း စိတ်မကောင်းဘူး။ Mary လည်း သမီးတစ်ယောက်အနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘူး စိတ်မကောင်းရုံကလွဲလို့ ဘာမှတောင် မပြောပြတတ်တော့ပါဘူး” လို့ဆိုပါတယ်။

Image may contain: 1 person

Mary ကိုတော့ ဝဲ ဆိုတဲ့ သီချင်းလေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ကိုယ်ပိုင် အသံ နဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ သူ့ကိုယ်သူ ကံကောင်းသွားတာပါလို့ ဆိုပါတယ်။သူမရဲ့ သီချင်းတွေဟာ ပရိသတ်ရင်ဘတ်နဲ့လည်း ထပ်တူကျခဲ့တာများပါတယ်။ အခုဆိုရင် Maryဟာ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသုတို့နဲ့ အတူတူ “အဟောင်း” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။

Image may contain: 1 person, standing and outdoor

ဆယ်လီရပ်ကွက်

Previous Post

သူများကို ပျော်အောင်လုပ်ပေးနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်တော့ မပျော်ခဲ့ရဘူးဆိုတဲ့ မူးလာ

Next Post

မင်္ဂလာသက်တမ်း ၃၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Rockerကြီး ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံ

Next Post

မင်္ဂလာသက်တမ်း ၃၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Rockerကြီး ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံ

မြန်မာအိုင်ဒေါလ်က သူမအကြိုက်ဆုံးသူကို ပြတ်ပြတ်သားသားအဖြေပေးလိုက်တဲ့ မယ်လိုဒီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!