• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, March 6, 2021
No Result
View All Result

သမီးကြီးဘားဘီနဲ့ သားငယ် သမီးငယ်လေးတို့ကို တွေ့ဆုံပေးခဲ့တဲ့ အဆိုတော်မီးမီးခဲ

We Love Cele by We Love Cele
November 23, 2019
in အနုပညာ
0

သြစတြေးလျမှာ နေထိုင်နေပြီဖြစ်တဲ့ အဆိုတော်မီးမီးခဲတစ်ယောက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေချိန်လေးမှာ အဘွားဖြစ်သူနဲ့ နေထိုင်နေတဲ့ သမီးကြီးဘားဘီကို သြစတြေးလျက သမီးလေး၊ သားလေးတွေနဲ့ တွေ့ဆုံစေပြီး ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

Image may contain: 4 people, people smiling, people sitting

Image may contain: 6 people, people smiling, closeup

မီးမီးခဲဟာ မကြာသေးခင်က ကင်ဆာရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကင်ဆာရောဂါကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူမအနေနဲ့ ရောဂါအခြေအနေကို နောက်ဆုံးအနေနဲ့ ထပ်မံစမ်းသပ်ခဲ့ရစဉ်က သူမသာ ကင်ဆာဝေဒနာပျောက်ကင်း သက်သာသွားမယ်ဆိုရင် မြန်မာနိုင်ငံကိုပြန်လာမယ်လို့ ပြောဆိုခဲ့တာပါ။

Image may contain: 2 people, people smiling, phone, selfie and closeup

Image may contain: 1 person, smiling, closeup

အခုအမှန်တကယ်လည်း သူမရောဂါသက်သာပျောက်ကင်းပြီဖြစ်လို့ မြန်မာနိုင်ငံကို သြစတြေးလျက မိသားစုနဲ့အတူ ပြန်လာခဲ့ကြတာလို့ သိရပါတယ်။

Image may contain: 2 people, people sitting, table and indoor

Image may contain: 2 people, people smiling, child, outdoor and nature

Image may contain: 2 people, child

မီးမီးခဲရဲ့ သမီးကြီးဘားဘီကတော့ ရန်ကုန်မှာ အဘွားဖြစ်သူနဲ့ နေထိုင်နေတာဖြစ်ပြီး အသက် ၁၀ နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ ဘားဘီလေးကို အဆိုတော် ထူးအယ်လင်းနဲ့ မွေးဖွားခဲ့တာပါ။ မီးမီးခဲအနေနဲ့ ထူးအယ်လင်းနဲ့ ကွာရှင်းပြီးနောက်ပိုင်း ပျော်ရွှင်သာယာတဲ့ အိမ်ထောင်သစ်လေးကိုထူထောင်ပြီး သားလေးနဲ့ သမီးလေးတို့ကို ထပ်မံမွေးဖွားခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people standing, tree and outdoor

မီးမီးခဲရဲ့ သားငယ်လေးနဲ့ သမီးငယ်လေးတို့ကလည်း သူတို့ရဲ့ မမကြီးဖြစ်တဲ့ ဘားဘီလေးနဲ့ တွေ့ဆုံရလို့ အရမ်းကို ပျော်ရွှင်နေကြပါတယ်။ မီးမီးခဲဟာ မြန်မာပြည်မှာရှိနေတုန်း သီချင်းတွေလည်းဆိုသွားဖို့ရှိတယ်လို့ ပြောထားပြီး သူမသမီးကြီးဘားဘီကိုလည်း အချိန်ပေးပြီးအတူရှိနေပေးတာ တွေ့ရပါတယ်။

Cele Star

Previous Post

အိန္ဒိယက ရွှေခေါင်းလောင်းနဲ့ ဒေါင်းယပ်တောင်လေးကို သစ်တံခါးဆရာတော်ထံလှူဒါန်းလိုက်တဲ့ စမိုင်းလ်

Next Post

တန်ခွန်ကျော်ကို မြန်မာအိုင်ဒေါလ်ဆီ ပြန်ခေါ်မယ်လို့ ပြောလိုက်တဲ့ အေးမြဖြူ

Next Post

တန်ခွန်ကျော်ကို မြန်မာအိုင်ဒေါလ်ဆီ ပြန်ခေါ်မယ်လို့ ပြောလိုက်တဲ့ အေးမြဖြူ

အစ်ကိုဖြစ်သူပျောက်နေလို့ အကူအညီတောင်းလိုက်တဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!