မြန်မာအိုင်ဒေါလ် ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အေးမြဖြူက မနေ့က ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတဲ့ တန်ခွန်ကျော်ကို Wild Card နဲ့ ပြန်ခေါ်မယ်လို့ပြောလိုက်ပါတယ်။
အေးမြဖြူလေးက သူ့ရဲ့ ဖေ့ဘုတ်မှာ ” Fightingggg ko gee Wild card နဲ့ပြန်ခေါ်မယ်
ပြိုင်ပွဲပြီးရင် duet song လုပ်မယ်နော်” ဆိုပြီးပြောထားတာ ဖြစ်ပါတယ်။
တန်ခွန်ကျော်ဟာ မနေ့က ပြိုင်ပွဲရလဒ်မှာ အေးမြဖြူ၊ အက်စတာတို့နဲ့အတူ Bottom အတူထိုင်ခဲ့ရပြီး အေးမြဖြူနဲ့ အက်စတာတို့ saved ဖြစ်သွားခဲ့ချိန်မှာ သူကတော့ ပြိုင်ပွဲကနေ ထွက်ပေးလိုက်ရတာဖြစ်ပါတယ်။
တန်ခွန်ကျော်ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော အနုပညာရှင်တချို့ကပါ မဖြစ်သင့်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး ဝေဖန်ခဲ့ကြတာ တွေ့ရပြီး တန်ခွန်ကျော်တို့ကို Vocal Guide လုပ်ပေးနေတဲ့ အဆိုတော် ထရေစီကပါ၊ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မဖြစ်သင့်တဲ့ ရလဒ်ရယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ကဲ ပရိသတ်ကြီးရော တန်ခွန်ကျော်တစ်ယောက် Wild card နဲ့ ပြန်လာနိုင်မလားဆိုတဲ့အပေါ်မှာ ဘယ်လိုထင်မြင်မိပါသလဲ။
Cele Star