သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးတစ်ယောက် စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin ဆီသွားလည်ပြီး သမီးလေးကို ချစ်မဝဖြစ်နေပါတယ်တဲ့။
ခိုင်သင်းကြည်ရော သူမရဲ့ သမီးလေး ထိပ်ထိပ်ရော Treasure Lwin လေးကို ချီမဝဖြစ်နေခဲ့ကြတာဖြစ်ပြီး သူတို့သွားလည်ချိန်မှာ သမီးလေးဆီကို တီတီခင်လေးနွယ်နဲ့ တီတီယုသန္တာတင်တို့လည်း လာရောက်လည်ပတ်နေတာကို တွေ့ရပါတယ်။
စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin ဟာ အသက်လေးလပြည့်ခဲ့ပြီဖြစ်ပြီး ဝဝကစ်ကစ်လေးဖြစ်နေတဲ့ သူမကို အနုပညာရှင်တွေရော ပရိသတ်တွေကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။
သူမအတွက်လက်ဆောင်တွေလာရောက်ပေးသူတွေ အများအပြားရှိကြပြီး ဒီထဲမှာ သရုပ်ဆောင်ဆုပန်ထွာရဲ့ သားလေးရော ခိုင်သင်းကြည်ရဲ့ သမီးလေးထိပ်ထိပ်ပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Cele Star