အဆိုတော် စန္ဒီမြင့်လွင်တစ်ယောက်ကတော့ သူမ သမီးလေး Treasure Lwin ရဲ့ ပထမဆုံးအချစ်ဦးကို ထုတ်ဖော်ပြောပြလိုက်ပြီဖြစ်ပါတယ်။
သမီးလေးရဲ့ ပထမဆုံးအချစ်ဦး အမျိုးသားကတော့ သမီးလေးရဲ့ ဖေဖေပါပဲတဲ့။ စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့ဘုတ်မှာ ” ဖေဖေ ဆိုတာ သမီးမိန်းကလေးတွေရဲ့ ပထမဆုံးအချစ်၊ အချစ်ဦးတဲ့ မေမေကို ကြင်နာတတ်ပြီး သမီးကို ယုယတတ်တဲ့သူ။ ဒါ့ကြောင့် မေတ္တာတုတွေ၊ ဟန်ဆောင်ချစ်တွေ၊ အတ္တတွေ အပြည့်နဲ့ လောကကြီးမှာ ဖေဖေ့ ချစ်ခြင်းမေတ္တာတွေကို စံထားပြီး လူကောင်းကို ရွေးချယ်တတ်ပါစေ သမီးရေ” ဆိုပြီး မိခင်မေတ္တာအပြည့်နဲ့ ပြောပြခဲ့တာပါ။
စန္ဒီမြင့်လွင်ရဲ့ သမီးလေး treasure lwin ဟာ မကြာသေးခင်ကမှ အသက် ၄လပြည့်ခဲ့တာဖြစ်ပြီး သူလေးက အခုဆို အရမ်းကို တတ်နေပါပြီနော်။
သူမကို မြင်တွေ့ရတဲ့သူတိုင်းလိုလိုက ချစ်ခင်နေကြတာဖြစ်ပြီး အနုပညာရှင်တွေကလည်း Treasure လေးကို အချစ်ပိုနေကြတာ တွေ့ရပါတယ်။ အခုအချိန်မှာ သမီးလေးက ဒီစကားတွေကို နားမလည်သေးပေမယ့် တစ်ချိန်သိရှိလာနိုင်မယ့်အချိန်ကျရင်တော့ မေမေစန္ဒီမြင့်လွင်ရဲ့ ဒီစာလေးတွေကို သမီးလေးပြန်ဖတ်ပြီးကြည်နူးနိုင်မှာ ဖြစ်ပါတယ်။
Cele Star