အဆိုတော်ပိုပိုက အခုခေတ်လူငယ်တစ်ချို့က ပေါ့ပေါ့နေပေါ့ပေါ့စား ဘာမှမလုပ်တတ်၊ မကိုင်တတ်၊ ဖေ့ဘုတ်ပဲ တနေကုန်ပွတ်နေလို့ ကြည့်ရတာ ထောင့်မကျိုးဘူးလို့ ပြောလိုက်ပါတယ်။
ပိုပိုက ဒီလိုကြည့်မရဖြစ်နေတာဟာ သူမပဲ အဘွားကြီးဖြစ်သွားလို့လား မသိဘူးလို့လည်း ပြောထားပါသေးတယ်။ ပိုပိုက သူမရဲ့ ဖေ့ဘုတ်မှာ ” အခု ခေတ်လူငယ် တစ်ချို့ဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား တော်တော်များသလို မိဘတွေကလဲ မသင်ပေးဘူး ဘာမှ မလုပ်တတ်မကိုင်တတ် fb တစ်နေကုန်ပွတ် ကြည့်ရတာ ထောင့်ကို မကျိုးဘူး ကြီးပွားဦးမဲ့ သူလေးတွေ ဟွင်းဟွင်း ငါပဲ အဘွားကြီး ဖြစ်နေတာ နေမှာပါ ” လို့ ရေးသားခဲ့တာပါ။
ပြီးတော့ ပိုပိုက ” ကျမ က မိဘမဲ့ပါ ဘယ်မိဘ ကမှ ဘာမှ မသင်ပေးပါ ဒါပေမဲ့ ကျမ ဟင်းချက်တတ်တယ် (ချက်ကျွေးမဲ့သူမရှိလို့) သန့်ရှင်းရေး အကုန်လုပ်တတ်တယ်( ညစ်ပတ်ရင် မကြိုက်လို့ မနေတတ်လို့) အဝတ်လျှော်မီးပူတိုက်တတ်တယ် (ငယ်ငယ်ကတည်းက) ပန်းကန်ဆေးရင် အဝတ်လျှော်ရင် ရေနဲ့ ဆပ်ပြာကို ချွေတာတတ်တယ် (ရေ ဝယ် / သယ်ပြီး သုံးခဲ့ရလို့) ပိုက်ဆံကို ချွေတာသုံးတယ် ( မပြည့်စုံခဲ့လို့) ထမင်းတွေ ပိုရင် ရေခဲသေတ္တာထဲ ထည့်သိမ်းတယ် ၊ မနက်ကျရင် ထမင်းကြော်စားတယ် (ဗိုက်ဆာရင် ဘာမှမရှိခဲ့လို့) အိမ်မှာ မုန့်တွေ ပိုနေရင် ကိုယ်မစားဖြစ်ရင် ပုတ်သိုးရင် လွှင့်ပစ်တာဟာ သိပ်ဖြုန်းတီးရာကျလို့ မုန့်တွေ ကောင်းတဲ့ အချိန်မှာ အိမ်နီးချင်းနဲ့ မရှိတဲ့သူတွေကို မျှဝေပေးတယ် ( ပိုက်ဆံမရှိလို့ စားချင်တာ မစားခဲ့ရလို့ နှမြောတတ်ပါတယ် ကုသိုလ်လဲ ယူပါတယ်) လူခန္ဓာသုံး ပစ္စည်းတွေကို အပေါ် နဲ့ အောက်နဲ့ ခွဲသုံးတယ် (အဘွားသင်ပေး ခဲ့လို့ ရွံတတ်လို့) ဈေးဝယ်ရင် စေ့စပ်သေချာအောင်ကြိုးစားတယ်ပိုက်ဆံ ကို မဖြုန်းဘူး သုံးတယ် (ငွေရှာရတာခက်လို့) Facebook ကို တစ်နေကုန် ၁ နာရီ ပြည့် အောင် တောင် ထိုင်သုံးခဲပါတယ် ( fb က ဘဝမဟုတ်ပါ အချိန်တွေကုန်တယ် အလုပ်မပြီးဘူး မျက်စိညောင်းတယ် ) ဘာသာရေး လုပ်တယ် (ကိုးကွယ်ရာ ဘုရားသာ) ပိုက်ဆံစုတယ် ( နောင်ရေးအတွက်) အမြဲ ကြိုးစားနေတယ် ၊ ဘာလုပ်လုပ် စေတနာနဲ့ လုပ်တယ် မလုပ်တတ် ရင် မသိရင် သင်ယူတယ်” လို့လည်း သူမအကြောင်းကို ဖွင့်ဟထားပါသေးတယ်။
အဆိုတော်ပိုပိုဟာ လတ်တလောမှာ သူမရဲ့ အခွေအတွက် အလုပ်များနေသလို သူမထက်ငယ်တဲ့ မောင်လေးတစ်ဦးနဲ့ ချစ်သူတွေဖြစ်နေတယ်လို့လည်း ဖွင့်ဟဝန်ခံထားပါတယ်။ ချစ်သူကိုတော့ မင်္ဂလာဆောင်လက်ထပ်ဖြစ်မှသာ ပြတော့မယ်လို့လည်း သူမက ဆိုထားပါတယ်။
Cele Star