သရုပ်ဆောင် ခင်သဇင်ဟာဆိုရင် ဟာသသရုပ်ဆောင် မကစ်အတွက် ရောဂါကုဖို့ကိစ္စရပ်တွေ၊ လိုအပ်တဲ့ ငွေကြေးအလှူခံတဲ့ ကိစ္စရပ်တွေကိုကူညီလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။
အခုလည်း ခင်သဇင်တစ်ယောက် ဟာသသရုပ်ဆောင် မကစ်မသေဆုံးမှီမနက်ပိုင်းလေးမှာ ပြောခဲ့တဲ့ စကားလေးတွေ၊ အပြုအမူလေးတွေကို ပြန်လည်မြင်ယောင်ရင်း စိတ်မကောင်းဖြစ်နေရပါတယ်။
ခင်သဇင်က သူမရဲ့ ဖေ့ဘုတ်မှာ ” မထင်မှတ်ထားပဲ ထွက်သွားတာပါ သူကိုယ်တိုင်လည်း ထင်မှတ်မထားသေးဘူး ဒီမနက် မနွယ်ကို ရယ်ပြတယ် စကားတွေ ပြောနေသေးတယ် အလှူရှင်တွေ ထပ်ရလို့ ဝမ်းသာနေတယ် မနေ့ကရော ဒီနေ့ရော အစားတွေ အများကြီး စားတယ်တဲ့ နေကောင်းရင် ဘုရားဖူးတွေ သွားဖို့ ပြောခဲ့သေးတယ်တဲ့ ဘာမှ ပူစရာ မလိုတော့လို့ သူဝမ်းသာနေခဲ့တာ အလှူရှင်တွေကိုလည်း ကျေးဇူးတွေ တင်နေခဲ့တာ ဘာလို့ ထပ်ပြီးတောင် မစောင့်ရတာလဲ အမရယ် မ ရဲ့ မေမေ ညီမလေး စီစဉ်နေတာ အားလုံး ပြည့်စုံနေပါပြီ မ ဘာလို့ အစောကြီး ထွက်သွားတာလဲ” ဆိုပြီး စိတ်မကောင်းခြင်းများစွာနဲ့ ရေးသားထားခဲ့တာပါ။
ဒါ့အပြင်သူမက “ဒီတလော အလှူရှင်များရှင် လှူပြီးသား အလှူငွေ များကို မကစ်ရဲ့ ဈာပန အတွက် သုံးပေးရပါမလား ပြန်လွှဲပေးရပါမလားရှင်” ဆိုပြီးလည်း သူမရဲ့ ဖေ့ဘုတ်ကနေ မေးထားပါသေးတယ်။ အလှူရှင်တော်တော်များများကတော့ လှူပြီးသားအလှူငွေကို မကစ်ရဲ့ ဈာပနအတွက်သုံးပေးပါလို့ပဲ ပြန်ပြောထားကြတာ တွေ့ရပါတယ်။
တချိန်က ပရိသတ်တွေ အသည်းစွဲ ချစ်ခင်ခဲ့ကြရတဲ့ ဟာသသရုပ်ဆောင် မကစ်တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Cele Star