မလှနုထွန်းဟာ အိမ်ထောင်ရေးပညာပေးစာတွေရေးပြီး ပရိသတ်ကြားမှာ ပွဲဆူစေတဲ့သူတစ်ဦးဖြစ်ပါတယ်။ အခုလည်း သိပ်မကြာခင်က အိမ်ထောင်ရေးပညာပေးစာ ရေးတာမှာ စကားလုံးတွေကြမ်းတမ်းခဲ့တယ်ဆိုပြီး ပရိသတ်က ကုတင်ပေါ်က မဆင်းဘူးဆိုတဲ့ ဝေဖန်ပြောဆိုသံတွေကို တော်တော်လေး ခံခဲ့ရသေးတာပါ။
အခုလည်း ဒီဖြစ်စဉ်အပေါ်မှာ ဝေဖန်လာသူတစ်ဦးကို မလှနုထွန်းက ထိထိမိမိ ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
မလှနုထွန်းက သူမဖေ့ဘုတ်ကနေ ” မယားငယ်စိတ်ဓာတ် သူများယောက်ျားကို ယူမှ မယားငယ်လို့ခေါ်တာမဟုတ်ဖူး ကိုယ်ပိုင်အိုင်ဒီယာ မရှိပဲ သူများရဲ့အိုင်ဒီယာနဲ့ ရေးထားတဲ့ စာကို အခြေခံ ဆန့်ကျင်ဘက်ရေး လူတွေ attention ယူတာလည်း မယားငယ်စိတ်ဓာတ်ပဲ သူရေးသမျှကို ဒီpage က ကွန်မန့်မှာ လာ copy paste လုပ်နေတဲ့ သူတွေကလည်း မယားငယ်ရှာတာ မှီခိုစားနေတဲ့ အမျိုးတွေ စိတ်ဓာတ်ပဲ ရှင်းတယ်နော် ကိုယ်ပိုင် အရည်အချင်းရှိမှ ဝေဖန်လိုက်ပါ နို့မို့ရင် မယားငယ်လို့ပဲ သဘောထားတယ်နော် အငယ်နဲ့သူရေးသမျှ like share comment ပေးနေတဲ့အငယ်အားပေးတွေ တော်ရာတော်ရာ ငြိမ်ကုတ်နေပါနော် ဘာရာထူးဖြစ်နေပါစေ မမက အထင်ကိုမကြီးဘူး မမတို့က အထင်လည်း မသေးဘူး အဖက်လည်းမလုပ်ဖူး လာလာပြီး တန်းမညှိနဲ့ ညီမရေ ငယ်ဂုဏ်လေးနဲ့ လှသလိုလို ဖြစ်နေတာ သိပ်ဘဝင်မမြင့်နဲ့ လင်ခိုးမထက်ပိုဆိုးတဲ့ အိုင်ဒီယာခိုးမလေးလို့ပဲ နာမည်ပေးလိုက်မယ်” ဆိုပြီး ပြောဆိုလိုက်တာပါ။
“တင်ထားတာက နိုင်ငံခေါင်းဆောင်နဲ့ တွဲရိုက်တဲ့ပုံ စိတ်ဓာတ်က မယားငယ်စိတ်ဓာတ် ဘောင်ကျော်လာလို့ သတိပေးတာနော် တန်ရာတန်ရာနေ လေယာဉ်ပေါ်တွေ့ တော့ အမြီးကုတ်နေရတာ ဘယ်သူလဲဟင် ညီမ ကို မမလည်း မသိပါဘူး သာမန်ရုပ်ပါပဲ မမကို ညီမမသိဘူးဆိုတာကတော့လိမ်တာ မမစာတွေနဲ့ ညီမ လုပ်စားနေတာ ဘယ်နှစ်ခါရှိပြီလဲ ကျေးဇူးရှင်ဆိုပြီး ထိုင်ကန်တော့ရမှာလေ မရိုင်းပါနဲ့ကွယ် ညီမအငယ်နဲ့ ထိုင်ခုံ ပြောင်းထိုင်တာတော့ သတိထားမိတယ် အခုမှ သိတယ် ပါးထရိုက်လိုက်မှာ ကြောက်လို့ကိုး မပူပါနဲ့  မကြောက်ပါနဲ့  မမက နိုင်ငံ ကိုးနိုင်ငံက အမျိုးသမီးတွေကို Lady of Excellence ဆုပေးပြီးပြန်လာတာလေ မမက ကိုယ်ပိုင်အရည်အချင်းနဲ့  အလုပ်လုပ်နေတာ ဒါနဲ့  စောက်လုံးတွေ နောက်လွန်းလို့ ပါဆိုတဲ့စကား ကို ဒီအရွယ်နဲ့ ဒီအရွယ် သုံးပြီးရေးတယ်နော် ညီမလေး လေယာဉ်ပေါ်တောင် တွေ့သေးတာပဲ မျက်စိဆေးရုံမှာ မတွေ့ နိုင်ဘူး ဘယ်သူ ပြောနိုင်မလဲ အဲ့အချိန်မမ ညီမလေးလက်ကို လာကိုင်ပြီး အားပေးပါရစေ ချစ်တဲ့ လှနု” လို့ ဝေဖန်သူကို ပြန်လည်တုန့်ပြန်ထားတာ တွေ့ရပါတယ်။
Cele Star