ခိုင်သင်းကြည်ကတော့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိသတ်အထူးအားပေးလက်ခံ ချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ဦးပါ။ ခိုင်သင်းကြည်ဟာ အနုပညာအလုပ်မှာ ဝါသနာပါပြီး တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ် ကိုပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။
ပရိသတ်တွေက မခိုင်လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ခိုင်သင်းကြည်ဟာသမီးလေးဖြစ်သူ ထိပ်ထိပ်လေး ရဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှ ကျရောက်တဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာ မိသားစုနဲ့အတူတူ ဘုရားသွားကုသိုလ်ယူခဲ့တာလည်းဖြစ်ပါတယ်။
မေမေနဲ့ သမီးဖြစ်သူရဲ့ ညီအမနှစ်ယောက်လို လိုက်ဖက်နေတဲ့ ပုံရိပ်တွေကို မိုမိုလေးပရိသတ်တွေဆီ မျှဝေပေးလိုက်ပါတယ်နော်
ခိုင်သင်းကြည်ဟာလည်း ပရိသတ်တွေလေးစားအားကျရတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူ့သမီးလေးကလည်း မအေတူလေးမို့ အနုပညာကို ချစ်မြတ်နိုးပြီး အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေလျက်ရှိပါတယ်။
မခိုင်လေးဟာလည်း အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ကိုင်မှုတွေကြောင့် ခုချိန်ထိ အခြားအနုပညာရှင်တွေနဲ့ ယှဉ်ပြီး ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ကျော်ကြားနေတာလည်းဖြစ်ပါတယ်။
ပရိသတ်တွေရော ထိပ်ထိပ်လေးမွေးနေ့အတွက် ဆုတောင်းပေးလိုက်ကြပါအုံးနော်။ ချစ်ရင် Like and Share လုပ်ပြီးအားပေးသွားကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။
မိုမိုလေး