Myanmar Idol ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုမ်းတို့ဟာ တကယ့်မောင်နှမအရင်းတွေလို ချစ်ခင်ကြသူတွေဖြစ်ပြီး ပရိသတ်က သူတို့နှစ်ဦးကို အတွဲတွေအဖြစ် ထင်မြင်ခဲ့ကြလို့ ပြန်လည်ဖြေရှင်းခဲ့ကြသေးတာပါ။
ပရိသတ်က သူတို့နှစ်ဦးကို တွဲနေတာလားလို့ မေးချိန်မှာ အေးမြဖြူက အရွှန်းဖောက်ပြီး မဟုတ်ပါဘူး ညီအစ်မလို ခင်တာပါ ဆိုပြီး စနောက်ခဲ့သေးတာဖြစ်ပါတယ်။ နှစ်ဦးစလုံးက သူတို့နှစ်ဦးဟာ ပရိသတ်ထင်နေသလိုမဟုတ်ပဲ ဝါသနာတူ မောင်နှမတွေမို့ ရင်းရင်းနှီးနှီးနေဖြစ်ကြတာလို့ ပြန်ဖြေခဲ့ကြပါတယ်။
အခုလည်း ဘင်ဂျမင်ဆုမ်းရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လေးမှာ အေးမြဖြူလေးက ဟာသဆန်ဆန်လေး မွေးနေ့ဆုတောင်းပေးလိုက်ပြန်ပါတယ်။ အဲဒီဆုတောင်းလေးကတော့ ” Happy birthday brooooo စိတ်ရှည်သည်းခံလမ်းကြောင်းမှန်တဲ့ ညီလေးကိုစိတ်ရှည်စွာထိန်းနိုင်ပါစေ” ဆိုပြီး ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
အေးမြဖြူနဲ့ ဘင်ဂျမင်တို့နှစ်ဦးဟာ ပရိသတ်တွေ ချစ်ခင်အားပေးမှု အများဆုံးရရှိသူစာရင်းထဲမှာ ပါဝင်ကြပြီး သူတို့နှစ်ဦးနဲ့ အက်စတာတို့ထဲက တစ်ဦးဦး Winner ဖြစ်မယ်ရယ်လို့လည်း ပရိသတ်တချို့က ခန့်မှန်းထားကြပါတယ်။
Cele Star