သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်တဲ့အထိမ်းအမှတ်အလှူလေးကိုတော့ သူတို့ဇနီးမောင်နှံလတ်တလော ရောက်ရှိနေတဲ့ ချောင်းသာကမ်းခြေက ဈေးသည်လေးတွေကို ထမင်း၊ ဟင်း၊ အချိုပွဲအစုံအလင်နဲ့ အလှူပြုလုပ်ပေးခဲ့တာပါ။
သူမရဲ့ ပျော်ရွှင်ဖွယ်အလှူပွဲလေးမှာ လူကြီး၊ ကလေးမကျန် အလုအယက် လာရောက်တန်းစီ ရယူခဲ့ကြတာကို တွေ့မြင်ရပြီး နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့အလှူလေးအတွက် ကြည်နူးမဆုံးဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
သူမလှူနေတဲ့အချိန်အတွင်း ဈေးသည်လေးတွေက ဂုံးအတင်းလာရောင်းနေလို့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သဘောကျမဆုံးဖြစ်နေခဲ့သေးတာပါ။ သူမက ဂုံးတွေကိုလည်း ဝယ်ယူလွှတ်ပေးခဲ့ပြီး မင်္ဂလာအလှူပြုလုပ်ခဲ့ပါတယ်။
နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ သားလေး ဂျက်ဂျက်နဲ့အတူ ချောင်းသာကမ်းခြေကို မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး သားသားလေးက သူမကို “မေ” လို့ စခေါ်တတ်သွားလို့ အမှတ်တရအတိုင်းမသိ ဝမ်းသာနေတာဖြစ်ပါတယ်။
နန်းမြတ်တို့ မင်္ဂလာနှစ်ပတ်လည် ၂နှစ်ပြည့်လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Cele Star