• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 18, 2021
No Result
View All Result

သစ်တံခါးဆရာတော်ကြီးရဲ့ လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်တဲ့ စမိုင်းလ်

We Love Cele by We Love Cele
November 28, 2019
in အနုပညာ
0

သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ဟာသစ်တံခါး ဆရာတော်ကြီးကို ယုံကြည်သက်ဝင် ကိုးကွယ်သူတစ်ဦးဖြစ်သလို ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်အတိုင်း အဓိဌာန်တွေလည်း အမြဲမပြတ် ဝင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

အခုလည်း စမိုင်းလ်က ဆရာတော်ကြီးမိန့်ကြားတဲ့ လက်ငင်းဖူးချက်ချင်းထူး အဓိဌာန်ကို ဝင်ရင်း သူမ ပရိသတ်တွေလည်း ကုသိုလ်ယူနိုင်အောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်ပြုလုပ်နေတဲ့ လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်ကတော့ သစ်တံခါးဆရာတော်ရဲ့ အဓိဌာန်ကျင့်နေစဉ်မက်ခဲ့သော အိမ်မက်အရ မြို့ဟောင်း ၅မြို့ရဲ့ ဘုရားများကို သွားရောက်ဖူးမျှော် ဗောဓိဓါတ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဘုရားတွေကတော့ ညောင်ရမ်း- ရွှေကူကြီးဘုရား ၊ ပင်း – ရှင်အရဟံမဟာဗောဓိပင်ဘုရား၊ ညောင်ဦး – ရွှေစည်းခုံဘုရား၊ ရတနာပုံ – မဟာမြတ်မုနိဘုရား၊ အင်းဝ – မဟာဗောဓိဘုရား တို့ပဲ ဖြစ်ကြပါတယ်လို့ စမိုင်းလ်က ဝေမျှပေးထားတာပါ။

စမိုင်းလ်ဟာ ဆရာတော်ဘုရားကြီးရဲ့ မဟောဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို မကြာခဏ ဝင်လေ့ရှိသူတစ်ဦးဖြစ်ပြီး သူမလိုပဲ ကုသိုလ်ပြုလိုသူတွေအတွက် အခုပြုလုပ်နေတဲ့ လက်ငင်းဖူးချက်ချင်းထူး အဓိဌာန်လေးကို ထပ်မံမျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။

သစ်တံခါးဆရာတော်ကြီးဟာဆိုရင် အနုပညာရှင်တော်တော်များများ ကိုးကွယ်ကြတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး ဆရာတော်ကြီးရဲ့ သစ္စာအဓိဌာန်တွေက ဆုတောင်းပြည့်တယ်ရယ်လို့ အနုပညာရှင် အများစုက မျှဝေထားကြတာတွေ့ရပါတယ်။

သာဓု သာဓု သာဓုပါ စမိုင်းလ်ရေ အခုလိုမျှဝေရတဲ့ အကျိုးကြောင့် အခုထက်ပိုပြီး သာသနာပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Cele Star

Previous Post

ချောင်းသာကမ်းခြေက ဈေးသည်လေးတွေကို အလှူပြုလုပ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံ

Next Post

ချစ်သက်တမ်း ၁လပြည့်သွားပြီဆိုတဲ့ အဆိုတော်ပိုပိုနဲ့ ချယ်ရီသင်း

Next Post

ချစ်သက်တမ်း ၁လပြည့်သွားပြီဆိုတဲ့ အဆိုတော်ပိုပိုနဲ့ ချယ်ရီသင်း

ရုပ်ရှင်ခေတ်အဆက်ဆက်က ဇာတ်ကောင်ပုံစံတွေအတိုင်း ပြက္ခဒိန်ရိုက်ကူးပေးခဲ့တဲ့ အနုပညာရှင်များ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!