• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

လှသထက်ပိုလှအောင် မျက်နှာပြုပြင်မှုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေလာတဲ့ မြတ်ကေသီအောင်

We Love Cele by We Love Cele
November 29, 2019
in အနုပညာ
0

တစ်ချိန်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးပြီး ပရိသတ်တိုင်း ချစ်ခင်အားပေးရတဲ့ မင်းသမီးကြီး မြတ်ကေသီအောင်က အခုချိန်ထိတိုင် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲပါ။ မြတ်ကေသီအောင်ဟာ အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်နှစ်ဆိုင်ကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်

လွန်ခဲ့တဲ့လပိုင်းတွေက မျက်နှာကို ပြုပြင်ထားပြီး အရင်နဲ့မတူအောင်ကို ပိုပိုလှလာတဲ့ မြတ်ကေသီအောင်က ဒီတစ်ခေါက်မှာလည်း သူမ ထက်မံပြုပြင်ထားတဲ့ အလှအပအကြောင်းတွေကို ပရိသတ်တွေ သိရအောင် အခုလိုပဲ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

“ပထမဆုံး မျက်နာကိုထုံဆေးလိမ်းပြီး တစ်နာရီလောက်ထားရပါတယ်.ဆေးထိုးတဲ့အခါ သိပ်မနာတော့ဘူးပေါ့.ကေ လုပ်ထားတဲ့အရာလေးတွေ‌ပြောပြချင်ပါတယ်။ နှာခေါင်းဘေးက smile line လေး၂ ဘက်ကို ဆေးထိုးပါတယ်။ ပါးဘေး၂ဖက် မေးရိုးနားမှာ မျက်နှာလေးသွယ်အောင်ဆေးထိုးထားပါတယ်။ မျက်နာသွယ်လိုက်တော့ နဂိုမေးစေ့ကတိုသွားသလိုဖြစ်နေတော့ မေးစေ့လေးနည်းနည်းအောက်ကိုရှည်အောင်ဆေးထိုးပါတယ်။”

“ပြီးတော့ နှာခေါင်းအရင်းက နည်းနည်းကြီးတော့ သေးအောင်ဆေးထိုးပါတယ်။ နှာခေါင်းကတော့ဆေးထိုးခါနီးမှ ထုံဆေးထိုးပြီးချက်ချင်းလုပ်တာပါ။ နောက်ဆုံးမှာနှုတ်ခမ်းလုပ်ဖို့ ထုံဆေးအရင်ထိုးရပါတယ်။ ကေကတော့ နှုတ်ခမ်းထိုးဖို့ ကိုယ်စိတ်ကြိုက်ပုံယူသွားပြီးထိုးခိုင်းတာပါ။ ဒီနေရာမှာသတိပေးချင်တာက ကိုယ့်နှုတ်ပေါ်မူတည်ပြီး ဆရာဝန်နဲ့တိုင်ပင်ထိုးသင့်ပါတယ်။ ကေ့နှုတ်ခမ်းက အပေါ်အောက်ညီပြီးလှပြီးသားပါ(ကိုယ့်အထင်ပေါ့ ဟဟဟ)”

“ယူသွားတဲ့ပုံအတိုင်းဆရာ့ကိုထိုးခိုင်းလိုက်တာမှာ နောက်ပိုင်း အဆင်မ‌ပြေတာလေးတွေဖြစ်လာပါတယ်။ ဒါဟာဘာလဲဆို ကေ့အောက်နုတ်ခမ်းကပုံကြပြီးသားကို ကြီးကြီးနဲ့ထူထူဖြစ်အောင်လုပ်လိုက်တော့ နှုတ်ခမ်းက အောက်ကိုပိုတွဲသလို တစ်ခုခုစားတာဖြစ်ဖြစ် တယောက်ယောက်ကို အကျယ်ကြီးလှမ်းခေါ်တာမျိုးလုပ်မိရင် နှုတ်ခမ်းဘေး၂ဘက်ဒေါင့်က ကျီးကန်းပါးစပ် ဖြစ်ဖြစ်လာတယ်.။ ပြောချင်တာက မျက်နှာနဲ့ပတ်သက်ပြီးတခုခု လုပ်တော့မယ်ဆို ကိုယ့်အကြိုက်ထက် ဆရာဝန်နဲ့တိုင်ပြီးမှ လုပ်သင့်ပါတယ်။”

“.နောက်မို့ဆိုပြင်ပြီးမှရလဒ်က ကိုယ့်အတွက်နေရခက်မဲ့အဖြစ်ဆိုရင် ပြန်ပြင်ရခက်ပါတယ်.မျက်နာနဲ့ပတ်သက်ပြီးလာလာမေးတဲ့ အမတွေ ညီမတွေအတွက် ကေ့အတွေ့အကြုံလေးကိုပြန်မျှပေးတာပါ။ ခုတင်ထားတဲ့ပုံက ဘာမိတ်ကပ်မှမလိမ်းရပဲ ဆေးခန်းကပြန်ရောက်ရောက်ချင်းပုံပါ။ မျက်နှာလုပ်ပြီးဘာဖြစ်လဲလို့မေးကြတဲ့သူတွေ ကြည့်ရအောင်လို့ပါ။” ဆိုပြီး သူမရဲ့ အတွေ့အကြုံလေးကို မျှဝေထားပါတယ်။

မြတ်ကေသီအောင်ကတော့ လှပြီးသားကို လှသထက်လှအောင် ပြုပြင်ခဲ့တဲ့ သူမရဲ့ အတွေ့အကြုံတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်ကေသီအောင်တစ်ယောက် အရင်ကထက် ပိုလှလာမယ်လို့ ထင်တယ်မလား?

မိုမိုလေး

Previous Post

ဒုတိယမြောက်ရင်သွေးဖြစ်တဲ့ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီဖြစ်တဲ့ သင်ဇာနွယ်ဝင်း

Next Post

ကျေးဇူးရှင် Myanmar Idol ကို ပရိသတ်နဲ့ ရန်တိုက်မပေးသင့်ဘူးလို့ ဖြိုးမြတ်အောင် ကို ပြောလိုက်တဲ့ မိုင်းမိုင်းဆိုင်း

Next Post

ကျေးဇူးရှင် Myanmar Idol ကို ပရိသတ်နဲ့ ရန်တိုက်မပေးသင့်ဘူးလို့ ဖြိုးမြတ်အောင် ကို ပြောလိုက်တဲ့ မိုင်းမိုင်းဆိုင်း

ခင်ပွန်းသည်နဲ့ စတင်တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က အမှတ်တရလေးတွေကို ပြောပြလာတဲ့ ချောရတနာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!