သရုပ်ဆောင်နဲ့ အဆိုတော် နန်းဆုရတီစိုးက သူမရဲ့ ချစ်သူဟောင်းဖြစ်တဲ့ G-Fatt နဲ့က ချစ်သူတွေမဟုတ်ကြတော့သလို ရန်သူတွေလည်း မဟုတ်ကြပါဘူးလို့ ဆိုလိုက်ပါတယ်။
နန်းဆုက သူမတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ရန်လိုမုန်းတီးပြီးတော့ မပြောနိုင်မဆိုနိုင် ဖြစ်နေကြသူတွေလည်း မဟုတ်ပါဘူးတဲ့။ အလုပ်ကိစ္စတွေအတွက် စကားအပြောအဆိုရှိသလို G-Fatt ရဲ့ One man show အတွက်လိုအပ်တာတစ်ချို့လည်း ပြောပေးဖြစ်ခဲ့ပါတယ်တဲ့။
သူမတို့နှစ်ဦးအနေနဲ့ အခုနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အလုပ်ကိစ္စတွေဘာတွေပြောဖြစ်သလို အကူအညီလိုအပ်တဲ့အခါတွေမှာလည်း တစ်ယောက်ကိုတစ်ယောက် ကူညီပေးဖြစ်နေတယ်လို့လည်း သိရပါတယ်။
နန်းဆုက ပေါင်းချိန်တန်ရင်ပေါင်းဖို့ အကြောင်းအရာတွေပေါ်လာသလို ပြတ်ချိန်တန်ရင်လည်း ပြတ်ဖို့အကြောင်းအရာတွေပဲ ပေါ်လာတတ်တယ်လို့လည်း ပြောပါတယ်။ အခုလက်ရှိမှာနေထိုင်နေကြသလို သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်နေတာလေးက ပိုပြီးအဆင်ပြေတယ်လို့လည်း နန်းဆုက ပြောခဲ့ပါသေးတယ်။
ပရိသတ်တွေကြားချင်နေတဲ့ အဖြေမျိုးပြန်မဖြေပေးနိုင်တဲ့အတွက် နန်းဆုကိုယ်တိုင်လည်း စိတ်မကောင်းပါဘူးလို့လည်း နန်းဆုက ဆိုပါတယ်။ G-Fatt ပြောသလို ပုံပြင်အရဆိုရင်တော့ ကိုယ့်ကိုမြေမြှုပ်ပေးခဲ့တဲ့ သူကိုပဲ စောင့်ရမလားမသိဘူးလို့လည်း အရွှန်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။
Cele Star