• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

နိုင်ငံတော်ကို အခွန်ငွေ ကျပ်သိန်းပေါင်း (၁၈၀၀) ဆောင်ခဲ့တဲ့ ခရစ္စတီးနားခီ

We Love Cele by We Love Cele
December 2, 2019
in အနုပညာ
0

ဒါရိုက်တာ ခရစ်စတီးနားခီရိုက်ကူးထားပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ပါဝင်ထားကြတဲ့ Now and Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ လက်ရှိအချိန်ထိ ဝင်ငွေကျပ်သိန်းပေါင်း ၂၄၀၀၀ ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Image may contain: one or more people, concert and text

Image may contain: 3 people, people smiling, crowd and outdoor

ခရစ်စတီးနားခီနဲ့ ဇဏ်ခီတို့ဟာ အဆိုပါဝင်ငွေကို ဒီနေ့ကျင်းပတဲ့ Now and Ever Fan Meeting မှာ တရားဝင်ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပြီး “မုဒြာခေါ်သံနဲ့ Deception ကို ထုတ်လုပ်အပြီးမှာ အခွန်တွေအများကြီးဆောင်လိုက်ရပါတယ်၊ သိန်းပေါင်း ၁၈၀၀ ကိုလည်း အခွန်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်” လို့လည်း ခရစ်စတီးနားခီ ကပြောပါတယ်။

Image may contain: 6 people, crowd and outdoor

Image may contain: 1 person, smiling

Now and Ever ဇာတ်ကားအတွက်ကိုတော့ လက်ရှိဝင်ငွေအရဆိုရင် သိန်းပေါင်း ၁၁၀၀ အခွန်ဆောင်ရမှာဖြစ်ပြီး ဇာတ်ကားက ဆက်လက်ပြသဆဲဖြစ်လို့ နောက်ထပ်လည်း တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။

Image may contain: 4 people, people smiling, people standing and indoor

Now and Ever ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးဟာ သာမန်အချစ်ဇာတ်လမ်းလေးကိုပဲ လှပတဲ့ရိုက်ချက်တွေ အမူအရာတွေ၊ စကားလုံးလေးတွေ Plot တွေနဲ့ ပရိသတ်ကြီးရင်ထဲစွဲငြိအောင် ရိုက်ပြနိုင်ခဲ့လို့ နိုင်ငံတကာက ရုပ်ရှင်ပညာရှင်တွေကပါ ချီးကျူးခဲ့ရတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people smiling, people sitting and text

Now and Ever ဇာတ်ကားကြီးအခုလိုအောင်မြင်တာကြောင့် ပရိသတ်တွေကလည်း ခီမောင်နှံအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

Image may contain: 1 person, smiling, sitting

Cele Star

Previous Post

ပြဿနာကို ထိပ်တိုက်ဖြေရှင်းပြီး ပြေလည်မှုရယူလိုက်ကြတဲ့ ဖြိုးမြတ်အောင်နဲ့ မိုင်းမိုင်ဆန်း

Next Post

ဖေဖေ၊ မေမေတို့နဲ့ အတူ ခရီးထွက်ရလို့ အပျော်လွန်နေကြတဲ့ ခေတ်နဲ့သစ်

Next Post

ဖေဖေ၊ မေမေတို့နဲ့ အတူ ခရီးထွက်ရလို့ အပျော်လွန်နေကြတဲ့ ခေတ်နဲ့သစ်

သားလေးပါတဲ့ ပထမဆုံးခရီးစဉ်မှာ မိသားစုပုံလှလှလေးတွေ မှတ်တမ်းတင်ခွင့်ရရှိခဲ့တဲ့ အောင်သူတို့မိသားစု

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!