သရုပ်ဆောင်ပိုးအိအိခန့်တစ်ယောက်ကတော့ သားလေးကိုကိုး ပါဝင်တဲ့ ပထမဆုံးငွေဆောင်ခရီးစဉ်လေးမှာ သူမစိတ်ကူးထဲက မိသားစုပုံလှလှလေးတွေ မှတ်တမ်းတင်ခွင့်ရခဲ့လို့ အရမ်းကို ပျော်ရွှင်နေပါတယ်။
ပိုးအိအိခန့်ဟာ သားလေးကိုကိုး၊ ခင်ပွန်းသည် အောင်သူတို့အပြင် မိဘတွေပါ ပါဝင်တဲ့ ခရီးစဉ်လေးတစ်ခု စီစဉ်ပြီး ငွေဆောင်ကို ရွေးချယ်သွားရောက်ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
အသက် ၄လကျော်သာရှိသေးတဲ့ ကိုကိုးလေးကလည်း ရေမကြောက် လူမကြောက်ပဲ ခရီးစဉ်တလျောက်လုံးအရမ်းကို ပျော်ရွှင်နေတာ တွေ့ရမှာပါ။ ပြီးတော့ သူလေးက ဖေဖေမေမေတို့နဲ့ ဘောလုံးကစားရတာကိုလည်း နှစ်သက်သဘောကျနေပါသေးတယ်။ ဘောလုံးများမြင်ရင် ရယ်တာမှ အသံတောင်ထွက်တယ်၊ အဖေ့ခြေရာနင်းမယ့် ကိုကိုးလေးလားမသိဘူးနော်။
ကိုကိုး ခေါ် သွင်ဦးဟန်လေးကို ချစ်ခင်ကြတဲ့သူတွေအတွက် သူတို့မိသားစုလေးရဲ့ ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကို ပြန်လည်ဝေငှပေးလိုက်ရပါတယ်။
Cele Star