သရုပ်ဆောင်ပြေတီဦးက သူ့ရဲ့ မွေးနေ့ရက်လေးမှာ အူဝဲနဲ့ ကလေး ၂ဦး ခရီးသွားနေကြပြီး သူ့အနားမှာ မရှိလို့ စိတ်မကောင်းဖြစ်နေပါတယ်တဲ့။
ပြေတီဦးရဲ့ မွေးနေ့မှာ သူ့ရဲ့ FAN တွေက မွေးနေ့ Surprise လေးလုပ်ပေးခဲ့ကြတာဖြစ်ပြီး ပြေတီဦးက ၁၂နာရီအတိမှာ လုပ်ပေးတဲ့ အခုလို surprise မွေးနေ့လေးအတွက် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ ပြေတီဦးအတွက် မွေးနေ့ကိတ်လေးကိုလည်း Look media ကဦးဆောင်ပြီး ဟက်ပီးဘတ်ဒေး လုပ်ပေးခဲ့တာ တွေ့ရပါတယ်။
ပြေတီဦးရဲ့ မွေးနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့ဖြစ်ပြီး ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ သားလေးပြေဓီရ သမီးလေး သုသုတို့က သံတောင်ကြီးနဲ့ နေရာတစ်ချို့ကို အားလပ်ရက်ခရီးထွက်နေခဲ့ကြတာဖြစ်လို့ ပြေတီဦးရဲ့ မွေးနေ့လေးမှာ အတူမရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မွေးနေ့မနက်ပိုင်းမှာတုန်းက ကလေးတွေနဲ့ ဖုန်းပြောရတဲ့အခါ သမီးကြီးဖြစ်သူ ပြေသုဒြာက ဖခင်အတွက် ဟက်ပီးဘတ်ဒေး သီချင်းလေးကို အစအဆုံးဆိုပြသွားခဲ့လို့ သူ့အတွက် အဓိပ္ပာယ်ရှိတဲ့ မွေးနေ့လေးဖြစ်ြ့ပီးသားပါလို့လည်း ပြေတီဦးက ဆိုပါတယ်။
ဟက်ပီးဘတ်ဒေးပါ ပြေတီဦးရေ မွေးနေ့မှသည် ချစ်ရတဲ့ ဇနီးသားသားမီးမီးလေးတွေနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Cele Star