သရုပ်ဆောင်မိုးယုစံတစ်ယောက် သူမရဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ အသေးစားခွဲစိတ်မှုလေးတစ်ခု ပြုလုပ်ထားတာမှ မကြာသေးခင် မသက်သာလို့ ဒုတိယအကြိမ်ထပ်ပြီး ခွဲစိတ်မှုလေးတွေ ပြုလုပ်လိုက်ရပြန်ပါတယ်။ သူမက သတ္တိခဲလေးဆိုတော့ နောက်တစ်ခါထပ်လုပ်ရပြန်တာပေါ့လို့ ပြောထားတာပါ။
မိုးယုစံဟာ မျက်ခမ်းစပ်နားမှာ အဖုဖြစ်ရာကနေ အဲဒီအဖုပေါက်ပေမယ့် အဖုက လုံးဝပျောက်ကင်းသွားခြင်း မရှိတာကြောင့် ပထမတစ်ကြိမ် ခြစ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် မသက်သာတဲ့အတွက် အခုတစ်ကြိမ်မှာ ဒုတိယအကြိမ်အနေနဲ့ ထပ်မံခြစ်ထုတ်ခဲ့ရပြန်တာလို့ သိရပါတယ်။
မိုးယုစံက “အဖုကြီးဖြစ်နေတာက ပေါက်တုန်းက ပြည်ထွက်တယ်၊ အဲဒီထဲက အဖုက သေးပဲသေးသွားတာ ကျန်သေးတာ eyeliner ဆွဲရင် ဒုက္ခရောက်တာ” လို့လည်း ပြောထားပါသေးတယ်။ သူမရဲ့ သူငယ်ချင်းတွေက ထပ်ဖြစ်တာလားလို့ မေးတဲ့အခါမှာတော့ မပျောက်တာလို့ မိုးယုက ပြန်ဖြေထားပါတယ်။
ဖြစ်မှဖြစ်ရလေ မိုးယုရယ် မျက်လုံးမှာမှ ဖြစ်ရတယ်လို့ ဒီလိုအပူနာတွေက မကြာခဏဖြစ်တတ်ပေမယ့် ဖြစ်ပြီး မကြာခင် အဖုက ပျောက်သွားတတ်တာ ထုံးစံပါပဲ ။ အခုမိုးယုစံကတော့ အဲဒီအဖုက ပထမတစ်ခါခြစ်ထုတ်ပြီးတာတောင် မပျောက်သွားတဲ့အတွက် ဒုတိယအကြိမ်ထပ်မံခြစ်ထုတ်ပစ်ရတာလို့ သိရပါတယ်။ မိုးယုစံတစ်ယောက် မျက်လုံးအမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Cele Star