• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

လူအယောက် ၁၀၀၀ ကျော်ကို ညနေစာ စတုဒီသာနဲ့ ကံစမ်းမဲတွေ ဖောက်ပေးခဲ့တဲ့ မိုးယုစံတို့မိသားစု

We Love Cele by We Love Cele
December 4, 2019
in အနုပညာ
0

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ထူးချွန်တဲ့ အနုပညာကြောင့် ပရိသတ်တွေ အရမ်းချစ်ကြတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ သူမချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း မိသားစုကို အချိန်ပေးဖြစ်နေတာပါ။ လတ်တလောမှာတော့ မိုးယုစံက လူအယောက် ၁၀၀၀ ကျော်ကို ညနေစာ စတုဒီသာနဲ့ ဗလာမပါ ကံစမ်းမဲတွေ ဖောက်ပေးခဲ့တဲ့ သူမတို့မိသားစုရဲ့အလှူကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အလှူအတန်းဆို လက်မနှေးတဲ့ မိုးယုစံတို့ မိသားစုလေးကတော့ မကြာခဏဆိုသလို ကုသိုလ်အလှူတွေ လုပ်လေ့ရှိတာလည်း တွေ့ရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် လူအယောက်တစ်ထောင်ကျော်ကို ကြည်နူးပီတိဖြစ်စေခဲ့တဲ့ မိုးယုစံတို့ မိသားစုလေးရဲ့အလှူအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးယုစံကတော့ “မိသားစု အလှူ လူအယောက်၁၀၀၀ကျော်စာ ညနေစာစတုဒီတာနှင့် လူအယောက် ၁၀၀၀ စာ ဗလာမပါ ကံစမ်းမဲအလှူ ၁.၁၂. ၂၀၁၉” ဆိုပြီး အရမ်းကို ကြည်နူးစရာကောင်းတဲ့ သူမတို့ မိသားစုလေးရဲ့အလှူပွဲက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူမတို့ မိသားစုလေးရဲ့အလှူမှာတော့ လာရောက်ကြတဲ့ သူတွေ ကြိတ်ကြိတ်တိုးပဲမို့ မိုးယုစံတစ်ယောက် အရမ်းကို ပီတိဖြာနေတာပါနော်။

အလှူပစ္စည်းလေးတွေ ပေးနေကြတဲ့ မိုးယုစံတို့ မိသားစုလေး…။

မိုးယုစံကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်း​နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပုံဖော်ထားတာပါ။ မိုးယုစံရဲ့ သားသား​လေး ​ကောင်းသိင်္ခမိုးသူက​လည်း မိသားစု​တွေအားလုံးအပြင်​ပရိသတ်​တွေကပါ အချစ်​ပို​နေကြရသူ​လေးပါ။ ချစ်​ခြင်း​မေတ္တာ​တွေနဲ့ထုံမွှန်းထားတဲ့ မိုးယုစံတို့ရဲ့အိမ်​ထောင်​ရေးက တကယ့်​ကိုပဲ အားကျစရာ​ကောင်းလှပါတယ်​။ ချစ်​ပရိသတ်​တွေလည်း အလှူအတန်းဆို လက်မနှေးတဲ့ မိုးယုစံတို့ မိသားစုလေးကိုချစ်​ရင်​shareသွားကြပါဦး​နော်​။

မိုမိုလေး

Previous Post

(၄) လကျော်သာရှိသေးပေမယ့် ရေကူးရတာကို အပီအပြင် နှစ်သက်နေတဲ့ သားလေး ကိုကိုး

Next Post

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံလိုက်ရတဲ့ သရုပ်ဆောင်မိုးအောင်ရင်

Next Post

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံလိုက်ရတဲ့ သရုပ်ဆောင်မိုးအောင်ရင်

တက္ကသိုလ်တက်ရမယ့်အချိန်ရောက်ပြီဖြစ်ပေမယ့် ပြိုင်ပွဲကြောင့် ခွင့်ရက်ရှည်ယူထားရတဲ့ အေးမြဖြူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!