ဟာသသရုပ်ဆောင်ကစ်ကစ် မကွယ်လွန်ခင်ကတည်းက မကစ်အတွက်လိုအပ်သမျှတွေကို ကူညီဖြည့်ဆည်းပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်ဟာဆိုရင် မကစ်အတွက်ရည်စူးပြီး ပရိသတ်တွေနဲ့အတူ အလှူလေးတစ်ခု ပြုလုပ်ပေးလိုက်ပြန်ပါတယ်။
ခင်သဇင်က ကွယ်လွန်သူမကစ် အသက် ၄၈ နှစ်အတွက် ရည်စူးပြီး သူ၏ပရိသတ်များ မြတ်ဒါနဆိုပြီး နာရေးကူညီမှုအသင်းကို ငွေကျပ် ၃သိန်း လှူဒါန်းပေးခဲ့တာပါ။
သရုပ်ဆောင်ကစ်ကစ်ဟာ ကျောက်ကပ်ရောဂါ ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားနေရသူတစ်ဦးဖြစ်ပြီး ငွေကြေးလိုအပ်မှုရှိနေတာကြောင့် ခင်သဇင်အနေနဲ့ လစဉ်ထောက်ပံ့ကြေးလှူဒါန်းပေးခဲ့ရသလို တစ်ခြားအလှူရှင်တွေရအောင်လည်း ခင်သဇင်ကပဲ ကူညီရှာဖွေပေးခဲ့တာလို့ သိရပါတယ်။
အခုလည်း ပရိသတ်တွေဝိုင်းဝန်းလှူဒါန်းခဲ့တဲ့ အလှူငွေလေးတွေကို မကစ်တစ်ယောက် ဘဝကူးကောင်းပြီး ကုသိုလ်ထပ်တူရရှိစေဖို့ ခင်သဇင်က လှူဒါန်းပေးလိုက်ပြန်တာပဲဖြစ်ပါတယ်။
Cele Star