• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

နှစ်ယောက်လုံးလိပ်ပြာလုံတယ် လုပ်ခဲ့တာဘာမှမမှားပါဘူးလို့ ပြောလိုက်တဲ့ စိုးနန္ဒာကျော်နဲ့ မင်းထက်

We Love Cele by We Love Cele
December 4, 2019
in အနုပညာ
0

သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ကတော့ သူတို့ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး နှစ်ယောက်လုံးလိပ်ပြာလုံတယ်၊ လုပ်ခဲ့တာဘာမှ မမှားပါဘူးလို့ ပြောပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 2 people, people smiling, outdoor, water and nature

စိုးနန္ဒာကျော်က ဒုတိယမြောက်အခွေကို စီစဉ်နေပြီး ဒီအခွေမှာ စစ်ပွဲဆန့်ကျင်ရေးသီချင်းတွေ၊ Rock သီချင်းတွေ၊ ပေါ့ပ်သီချင်းလေးတွေပါဝင်လာမယ်လို့ ဆိုပါတယ်။ စိုးနန္ဒာကျော်က ပထမတစ်ခွေထုတ်ခဲ့ဖူးပြီး အခုထွက်မယ့် ဒုတိယအခွေအတွက်ကိုတော့ မင်းထက်က Trainer လုပ်ပေးခဲ့လို့ ပိုပြီးအားရတယ်လို့လည်း ပြောပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people smiling, selfie and closeup

ပြီးခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရတဲ့အပေါ်မှာ မင်းထက်က ဖေ့ဘုတ်မှာ အကြောင်းမသိတဲ့သူတွေက ပတ်ဝန်းကျင်အပြောပဲနားထောင်ပြီး တော်တော်လေးကို အဆဲအဆို ခံခဲ့ရကြောင်း၊ အဲဒီအချိန်မှာတစ်ယောက်ကိုတစ်ယောက်ဖေးမပြီး နေခဲ့ကြကြောင်း၊ ကိုယ်လိပ်ပြာကိုယ်လုံနေလို့ ထွေထွေထူးထူး မဖြစ်လိုက်ကြောင်း၊ အတိတ်ဝဋ်ကြွေးရှိလို့ ဆပ်ရတယ်လို့ ယူဆကြောင်း ပြောပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 2 people, people standing

စိုးနန္ဒာကျော်က တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိတယ်၊ ယုံကြည်မှုရှိတယ်၊ ကိုယ့်လိပ်ပြာကိုယ်လုံတယ်၊ သူလည်း သူ့လိပ်ပြာသူလုံတယ်၊ ကိုယ်တွေလည်း လုပ်ခဲ့တာ ဘာမှမမှားဘူး၊ ဒါပေမယ့် ရုတ်တရက်ဆိုရင်တော့ သူသူငါငါပြောတဲ့ဟာကိုလက်ခံတတ်ကြမှာပဲ၊ ဘယ်သူ့ကိုမှလည်း အမုန်းမပွားတော့ဘူး၊ အမုန်းလည်း မပွားခဲ့ဘူး၊ အရာအားလုံးကို ဥပေက္ခာပြုလိုက်တယ်၊ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးလုပ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် အချိန်တစ်ခုပြီးရင် ပြီးသွားမှာပဲ ၊ ဒါကြီးဘာလို့ဖြစ်လဲဆိုတာ တွေးမနေတော့ဘူး၊ ဖြစ်သင့်ဖြစ်ထိုက်လို့ဖြစ်တာ၊ ဝဋ်ကြွေးပါလို့ဖြစ်တာ၊ အခုလက်ရှိကတော့ ညီမတို့နှစ်ယောက် ဘဝကို အပျော်ဆုံးဆက်ပြီး လျှောက်လှမ်းနေကြပါတယ်” လို့ ဖြေကြားခဲ့တာပါ။

Image may contain: 2 people

Image may contain: 4 people, people sitting, outdoor, nature and water

မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ဟာ ပြီးခဲ့တဲ့ အိမ်ထောင်ရေး ပြဿနာတွေအတွက် တရားတဘောင် ရင်ဆိုင်ခဲ့ကြရသူတွေလည်း ဖြစ်ပါတယ်။

Cele Star

Previous Post

ကွယ်လွန်သူ ကစ်ကစ်အတွက်ရည်စူးပြီး ပရိသတ်တွေနဲ့အတူ အလှူလုပ်ပေးခဲ့တဲ့ ခင်သဇင်

Next Post

ပိုင်ဆိုင်ခွင့်ရထားတဲ့ မိသားစုဘဝလေးကို ကျေနပ်တယ်ဆိုတဲ့ မင်းသန့်မောင်မောင်

Next Post

ပိုင်ဆိုင်ခွင့်ရထားတဲ့ မိသားစုဘဝလေးကို ကျေနပ်တယ်ဆိုတဲ့ မင်းသန့်မောင်မောင်

မွေးနေ့ညလေးမှာ မိသားစုတွေ စုံစုံလင်လင်နဲ့ မွေးနေ့ကိတ်ခွဲခဲ့တဲ့ သင်ဇာဝင့်ကျော်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!