ငယ်ရွယ်စဉ်အရွယ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ နိုင်ငံကျော် မင်းသမီးလေး သင်ဇာဝင့်ကျော်က အခုချိန်ထိတိုင် အောင်မြင်မှုတွေ ဆွတ်ခူးနေဆဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့ဝတ်ပုံစားပုံနဲ့ ဖက်ရှင်တွေက လူငယ်တွေ လိုက်မမှီနိုင်အောင်ကို လန်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။
မနေ့က ဒီဇင်ဘာလ (၄) ရက်နေ့ကတော့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့  မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က သူမရဲ့ အသက် (၃၂) ပြည့်မွေးနေ့မှာ တစ်နေကုန် ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က မနက်ပိုင်းမှာတော့ မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ညပိုင်းမှာတော့ ရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင်ပူဇော်ပြီး မိသားစုများနဲ့အတူတူ မွေးနေ့ကိတ်လေးခွဲကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါတယ်။
သင်ဇာဝင့်ကျော်က အသက် (၃၂) နှစ်ပြည့်သွားသည့်တိုင် အိမ်ထောင်မပြုသေးပဲ မိသားစုတွေ၊ မောင်နှမတွေ၊ တူ၊ တူမတွေနဲ့သာ အချိန်ကုန်ဆုံးရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်ကတော့ အသက်တစ်နှစ်ကြီးလာသည့်တိုင် ပိုပြီး အေးချမ်းလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့အမှတ်တရပုံလေးတွေကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး