• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

မိဘတွေကို ဗုဒ္ဓဂါယာ ဘုရားဖူး ပို့ပေးခွင့်ရခဲ့တဲ့ အေးမြတ်သူ

We Love Cele by We Love Cele
December 5, 2019
in အနုပညာ
0

သရုပ်ဆောင်အေးမြတ်သူကတော့ သူမရဲ့ မိဘတွေကို ဗုဒ္ဓဂါယာဘုရားဖူး ပို့ပေးခွင့်ရတဲ့တွက် ကြည်နူးပျော်ရွှင်မဆုံးဖြစ်နေပါတယ်တဲ့။ အေးမြတ်သူက သူမရဲ့ မေမေဖေဖေနဲ့ မိသားစုကို အခုလို ကုသိုလ်ယူပို့ပေးခွင့်ရတဲ့အတွက် သူမကံထူးလှပါပြီလို့ ပြောထားပါသေးတယ်။

Image may contain: 7 people, people smiling, people sitting, people standing and indoor

Image may contain: 4 people, people smiling, people standing

Image may contain: 4 people, people smiling, people standing

အေးမြတ်သူက သူမရဲ့ ဖေ့ဘုတ်မှာ ” အေးဗုံ နှင့် ချစ်ရတဲ့​ဆွေမျိုးများ ဘုရားဖူး၊ ​​ဖေချစ်​မေချစ်​ဆွေချစ်တို့အဖွဲ့  လူ​တော်​တော်စုံတဲ့ဘုရားဖူးအဖွဲ့ကြီး ၊ ၂၀၂၀ ကို … ၂၀၁၉ ထက် အလုပ်​တွေအများကြီးပိုလုပ်မယ် ၊  မိသားစု/​ဆွေမျိုး​တွေနဲ့ ခရီး​တွေအများကြီးသွားမယ်ရှင့် ၊ အ​​ဖေနဲ့အ​​မေကို ..ချစ်ရင်း …..သူတို့ချစ်တဲ့သူ​တွေကိုလိုက်ချစ်ရတာလည်း…. ​စိတ်ချမ်းသာ​ပျော်ရွှင်ရပါတယ် ၊ မိသားစု ၄​ယောက် အပြင် အဖိုး .. ဘကြီး .. ကြီး​တော် .. ဦး​လေး .. အ​ဒေါ်.. ညီမ အစုံရွာက ဘုရားဖူးအဖွဲ့ကြီး … ချီတက် ဖေလည်း​ပျော် …. မေလည်း​ပျော် ​တော့ … သားသမီး​တွေလည်း​ပျော်ပြီ​ပေါ့” လို့ ဝမ်းသာအားရပြောထားတာပါ။

Image may contain: 1 person, smiling, sitting, child and outdoor

Image may contain: 5 people, people smiling, people sitting

Image may contain: 4 people, people smiling, people standing

Image may contain: 4 people, people smiling, people standing and outdoor

“ဘဝကခက်ခဲပင်ပန်းခဲ့​ပေမယ့် ဒီအ​ဖေ/ဒီအ​မေရဲ့ သားသမီး​တွေဖြစ်ရတာ​ကျေနပ်ပါတယ် ဗုဒ္ဓ မြတ်စွာဘုရား ပွင့်​တော်မူရာဌာနကို ခုလိုမိသားစုလိုက် ဖူး​မျှော်ခွင့်ရတာ ကံထူးလှပါပြီ၊ ဒီအချိန်မှာ မိသားစု​တွေ စုစုစည်းစည်းရှိဖို့ .. သွားနိုင်လာနိုင်ဖို့ ခက်ခဲတဲ့အချိန် .. မမမြတ်​လေးမှာ ခုလိုမိသားစုစုံစုံညီညီ​ပျော်​ပျော်ရွှင်ရွှင်​နေခွင့်ရတာ အရမ်းကို ​ကျေနပ်​နေရပါပြီ… မမမြတ်​လေးတို့ရဲ့ မိသားစုပုံ​လေး​တွေကြည့်ရင်း… ချစ်ရသူ​တွေလည်း.. ကိုယ့်မိသားစု ..​ ဆွေမျိုး​တွေနဲ့ ချစ်ခင်စွာခရီး​တွေ သွားချင်လာပြီ….. ​ပျော်ရွှင်စွာခရီး​တွေသွားနိုင်ဖို့….. ဆု​တောင်း​​ပေးပါတယ်ရှင့် မနက်ဖြန်ဘာဖြစ်မယ် မသိတဲ့အချိန်အ​ခြေအ​နေမှာ ကိုယ်ချစ်ရ .. တန်ဖိုးထားရသူ​တွေ နဲ့ ကိုယ့်ကိုကိုယ်​ပျော်ရွှင်​အောင်​နေပြီ လက်ရှိအချိန်ကို ​ကျော်လွန်ကြရ​အောင်​နော်” လို့ အေးမြတ်သူက ဆိုထားပါတယ်။

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, standing and outdoor

Image may contain: 7 people, people smiling, people standing and outdoor

အေးမြတ်သူတို့မိသားစုဟာ ဗုဒ္ဓဂါယာမှာရှိတဲ့ ဥရုဝေလတော၊ မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံရာ​​​ဌာ​​နေ ၊ ဂါယာမြို့က ဂျပန်ဘုရားကြီး၊ ရာဇဂြိုလ်ပြည် အစရှိတဲ့ နေရာတွေကို သွားရောက်ဖူးမျှော်ခဲ့ကြတာတွေ့ရပါတယ်။ အေးမြတ်သူက အခုလောလောဆယ်တော့ ဗုဒ္ဓဂါယာက ဂျပန်ဘုရားကြီးကိုပဲ ဖူးခွင့်ရခဲ့ပေမယ့် နောက်ကျရင် တကယ့်ဂျပန်နိုင်ငံမှာရှိတဲ့ ဘုရားကြီးကို ဖူးခွင့်ရပါစေ၊ မိဘတွေကို ပို့ပေးခွင့်ရပါစေလို့ ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

Image may contain: 7 people, people smiling, people standing and outdoor

Image may contain: 1 person, smiling, standing and outdoor

Cele Star

Previous Post

ကိတ် တဲ့နေရာ တစ်နေရာပဲ ရှိတယ်ဆိုတဲ့ သရုပ်ဆောင် ရွှေအိမ်စည်

Next Post

ထီ ၅သိန်းဆုပေါက်သွားတဲ့ သရုပ်ဆောင်ထွန်းထွန်းရဲ့ ချစ်သူလေယာဉ်မယ်လေး

Next Post

ထီ ၅သိန်းဆုပေါက်သွားတဲ့ သရုပ်ဆောင်ထွန်းထွန်းရဲ့ ချစ်သူလေယာဉ်မယ်လေး

အောင်ဘာလေ သိန်းထီဆုကြီးပေါက်သွားတဲ့ အဆိုတော်ထွန်းထွန်းရဲ့ ချစ်သူကောင်မလေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!