သရုပ်ဆောင်ထွန်းထွန်းရဲ့ ချစ်သူလေယာဉ်မယ်လေးကတော့ ဒီတစ်ခေါက် ၁၀ ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှာ ထီ ၅သိန်းဆုပေါက်ခဲ့ပါတယ်။ ထွန်းထွန်းက အခုလိုဆုကြီးပေါက်တဲ့အကြောင်း ပရိသတ်တွေကို သူ့ရဲ့ ဖေ့ဘုတ်ကနေတဆင့် ဝမ်းသာအားရ အသိပေးလိုက်တာပါ။
ထီ ငါးသောင်းဆုပေါက်ဖို့ကိုတောင် မလွယ်တာ အခုက ငါးသိန်းဆုပေါက်တယ်ဆိုတော့ ထွန်းထွန်းချစ်သူကောင်မလေးက တော်တော်လေးကို ကံကောင်းတာပဲနော်။
ဒီလထဲမှာ သရုပ်ဆောင် ရွှေပိုးအိမ်က ငါးသောင်းဆု ၂ဆုပေါက်ခဲ့တာကို တွေ့ရပြီး ပြီးခဲ့တဲ့ အကြိမ်တွေမှာတုန်းက ရတနာမိုင်လေးက ထီမကြာခဏလတိုင်းနီးပါး ပေါက်ခဲ့တာတွေ့ရပါတယ်။
သရုပ်ဆောင်ထွန်းထွန်းရဲ့ ကောင်မလေးပေါက်တဲ့ဆုက ငါးသိန်းဆုဖြစ်ပြီး ယခုလ (၁၀)ကြိမ်မြောက်ထီဖွင့်ပွဲရဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာအုပ်စုကလို့ သိရပါတယ်။
Cele Star