တရုတ်နိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Fan Bingbing ဟာဆိုရင် ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက အခွန်တိမ်းရှောင်မှုကြောင့် တရုတ်အစိုးရရဲ့ အရေးယူခြင်းခံရပြီးနောက် ရိုက်ကူးရေးတွေကို အချိန်တစ်ခုမျှ ရပ်နားထားခဲ့တဲ့အပြင် ပရိသတ်တွေရဲ့ မြင်ကွင်းအရှေ့ကိုလည်း ရံဖန်ရံခါမျှသာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ လူအများအရှေ့ကို ထွက်ရှိလာချိန်တိုင်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားထားနိုင်တဲ့ သူမဟာ အခုတစ်ခေါက်မှာတော့ သူမရဲ့ ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ကြောင့် အွန်လိုင်းအသုံးပြု ပရိသတ်တွေရဲ့ စိတ်အာရုံကို အရင်အခေါက်တွေကထက် ပိုမိုဖမ်းစားနိုင်တာကို တွေ့ရပါတယ်။
လတ်တလောထွက်ရှိလာတဲ့ ပုံရိပ်နဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူပရိသတ်တွေရဲ့အကြားမှာ စိတ်ဝင်စားနေကြတာကတော့ Fan Bingbing တစ်ယောက် ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့ မေးခွန်းပါပဲ။
ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက သူမရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ 355 နဲ့ပတ်သတ်ကာ အမေရိကန်ပြည်ထောင်စုရှိ လော့အိန်ဂျလိစ်မြို့ကို သွားရောက်ဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ သူမရဲ့ပုံစံဟာ အရင်တုန်းက တွေ့မြင်နေကျပုံစံထက် သိသိသာသာကို ပြောင်းလဲနေတာကို တွေ့ရပါတယ်။
တီရှပ်အဖြူရောင်နဲ့ ဂျင်းဘောင်းဘီကို အနက်ရောင်ဂျက်ကက်အကျီင်္နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့သူမရဲ့ ပုံစံဟာ ရိုးရှင်းပြီးပေါ့ပါးတယ်ဆိုပေမယ့်လည်း တခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းတွေထက်စာရင် ပိုပြီးမို့မောက်နေတဲ့ဝမ်းဗိုက်ပုံစံကို သိသာမြင်သာနေပါတယ်။
ဒီလိုမျိုးပုံရိပ်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ Fan Bingbing တစ်ယောက် ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လို့လာခဲ့ပြီ ပရိသတ်တွေအကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်လာလို့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ထွက်ရှိနေတဲ့ သတင်းတွေနဲ့ ပတ်သတ်ကာ သူမရဲ့ အေဂျင်စီဘက်ကနေ “အဲဒါက သူမ အခုတလော အစားစားချင်စိတ်များနေတာကြောင့်ပါ။ လေယာဉ်ပေါ်က အစားအသောက်တွေက ကယ်လိုရီများတယ်လေ။ ဒီတော့ မင်းတို့လည်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး ကိုယ်အလေးချိန်ထိန်းကြပါ”လို့ဆိုကာ ငြင်းချက်ထုတ်ပြန်ခဲ့ပါတယ်။
အေဂျင်စီဘက်ကနေ အခုလိုမျိုး ဖြေရှင်းတုံ့ပြန်ထားတယ်ဆိုပေမယ့်လည်း ပရိသတ်တွေကတော့ ဒါဟာ ကိုယ်အလေးချိန်တိုးတဲ့ပုံစံမျိုးမဟုတ်ကြောင်း၊ ကိုယ်ဝန်ရှိနေတဲ့ပုံစံသာဖြစ်ကြောင်းလို့ဆိုကာ ပြန်လည်ချေပမှတ်ချက်ပြုထားကြပါတယ်။
Fan Bingbing ဟာ မင်းသား Li Chen နဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ဒိတ်လုပ်ခဲ့ပြီး ၂ ယောက်သားချစ်ကြိုက်နေပြီဆိုတာကိုလည်း တရားဝင်အသိပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ သူတို့၂ ဦးဟာ စေ့စပ်ခဲ့ကြ့ပီး Li Chen က Fan Bingbing ကို သူမရဲ့မွေးနေ့မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာတော့ သူတို့စုံတွဲဟာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို အသိပေးကြေညာခဲ့ပါတယ်။
ပရိသတ်ကြီးတို့ရော Fan Bingbing ရဲ့ လက်ရှိထွက်ပေါ်လာတဲ့ပုံနဲ့ ပတ်သတ်ပြီး ဘယ်လိုများထင်မြင်မိပါသလဲ။ အေဂျင်စီဘက်က ထုတ်ပြန်ထားသလို ကိုယ်အလေးချိန်တိုးလာတာလား၊ ဒါမှမဟုတ် ပရိသတ်တွေထင်ထားကြသလို တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား။
မိုမိုလေး