သရုပ်ဆောင်မိုးအောင်ရင်က မိသားစုနဲ့အတူ ကလောကိုအလည်အပတ်ခရီးရောက်ရှိနေတာတွေ့ရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ ပထမဦးဆုံးရုံးချိန်းပဲဖြစ်ပါတယ်။ ဒီရုံးချိန်းကိုတော့ မိုးအောင်ရင်တစ်ယောက် လာရောက်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။
အမှန်တရားအတွက်ဆိုပြီး မိုးအောင်ရင်ကို ကာမလိမ်လည်မှုနဲ့တရားစွဲလိုက်တဲ့ ခင်မြတ်နိုးဟာ မိုးအောင်ရင်အပေါ်ကျေးဇူးရှိသူလည်းဖြစ်ပါတယ်။ သို့သော် ကျေးဇူးရှင်ဖြစ်ပေမယ့် ရှောင်ရမယ်လို့ ဆိုပါသေးတယ်။
သရုပ်ဆောင်မိုးအောင်ရင်ဟာ ဒီကနေ့ ရုံးချိန်းကိုမရောက်လာခဲ့ပေမယ့် မိသားစုစုံစုံလင်လင်နဲ့ ဒီနေ့မနက်ပိုင်းမှာပဲ ကလောမြို့ကို အလည်အပတ်ခရီးထွက်ခဲ့တာ တွေ့ရပါတယ်။
ညီမဖြစ်သူ မြန်မာနိုင်ငံသို့ပြန်ရောက်ချိန် မိသားစုစုံလင်စွာနဲ့ထွက်ခဲ့တဲ့ခရီးတစ်ခုဖြစ်တာလည်းတွေ့ရပါတယ်။ မိုးအောင်ရင်တို့မိသားစုရဲ့ ပျော်ရွှင်ကြည်နူးဖွယ်အခိုက်အတန့်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။We Love Cele