• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 25, 2021
No Result
View All Result

ကစ်ကစ်ရဲ့ ဝိဉာဏ်ကို တွေ့မြင်ခဲ့တဲ့ ဆရာတော်ရဲ့ မိန့်ကြားချက်ကို ပြောပြလာတဲ့ ခင်သဇင်

We Love Cele by We Love Cele
December 6, 2019
in အနုပညာ
0

ပရိတ်သတ်တွေကို ပျော်ရွှင်ရယ်မောစရာတွေပေးခဲ့တဲ့ ကစ်ကစ်တစ်ယောက်ကတော့ ဒီလောကကြီးကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

Image may contain: 1 person, standing and outdoor

သရုပ်ဆောင် ခင်သဇင်ဟာ ကစ်ကစ် နေမကောင်းရှိစဉ်အချိန်တည်းက အနားမှာညီမလေးတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးခဲ့ရုံတင်မက လိုအပ်နေတဲ့ ငွေကြေး၊ အကူငွေတွေကိုလည်း ကူညီပြီးကောက်ခံလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

Image may contain: 3 people, people sitting

ကစ်ကစ်ဟာ သူမဆုံးမယ့်နေ့ မနက်ပိုင်းမှာပဲ အလှူငွေလေးတွေရလို့ ပျော်မိတဲ့အကြောင်း ညီမလေးဖြစ်သူ ခင်သဇင်ကို ပြောပြနေခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့ချိန်မှာတော့ ဘေးနားက အမြဲကူညီပေးခဲ့သူ ခင်သဇင်တစ်ယောက် ရင်နှင့်အမျှ ခံစားခဲ့ရပါတယ်။

Image may contain: 2 people, people smiling, people sitting

ကစ်ကစ်ရဲ့ ဈာပနကိုလည်း ပြီးဆုံးအောင်ထိ တာဝန်ယူကူညီပေးခဲ့ရုံတင်မကဘဲ ကစ်ကစ်ကိုရည်စူးပြီး ပရိသတ်တွေနဲ့အတူ အလှူအတန်းလေးလည်း ပြုလုပ်ပေးခဲ့တာတွေ့ရပါတယ်။ ခင်သဇင်ကတော့ ဒီကနေ့ညမှာ ကစ်ကစ်ရဲ့ ဝိဉာဏ်ကိုတွေ့မြင်ခဲ့တဲ့ ဆရာတော်ဘုရားရဲ့ မိန့်ကြားချက်ကို ယခုလိုပဲပြောပြလာတာဖြစ်ပါတယ်။

Image may contain: 1 person, smiling

Image may contain: 2 people, people smiling

မကစ်ရဲ့ ဝိဉာဏ်ကို တွေ့မြင်ခဲ့တဲ့ ဆရာတော်ဘုရားက ယခုလို မိန့်ပါတယ် 🙏🏻ကွယ်လွန်သူ မိခင်ကြီး အတွက် ရည်စူးပြီး သဇင် ကိုယ်တိုင် ဆောက် လုပ်လှူဒါန်းထား ခဲ့တဲ့ သံဃာ နှင့် ယောဂီ ဆွမ်းစားဆောင်လေးမှာ ကွယ်လွန်သူ မကစ်အတွက် ၁၀ ရက် တရားစခန်း ဖွင့်နေချိနိ နှစ်ရက်တိတိ အာရုံဆွမ်း နှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်

Image may contain: 2 people, people standing

Image may contain: 3 people, people smiling, people sitting and indoor

အရှင်ဘုရားက ယခုလို မိန့်တော်မူပါတယ် ပထမရက် မကစ် အတွက် ဆွမ်းကပ်ရက်မှာ အရှင်ဘုရားက အာရုံ ခံကြည့်တော့ မကစ်ကစ် က ဆွမ်းစားကျောင်းဆောင်ကို မလာနိုင် ပဲ သူ့အိမ်မှာပဲ တဝဲလည်လည်နဲ့ နေနေတယ် လို့ မိန့်ပါတယ် ဒါပေမယ့် ဒုတိယ ရက်မှာတော့ ကျောင်းဆောင်ကို အဝတ်အထည် နွမ်းစုတ်စုတ်နဲ့ ရောက်လာတယ် မိန့် ပါတယ် ဘေးနားမှာ အဖော် အမျိုးသား တစ်ယောက်လည်း ပါတယ် မိန့်ပါတယ် သဇင်ကတော့ ကွယ်လွန်သူ သူ့အမျိုးသား လို့ ထင်မိပါတယ်

Image may contain: 1 person, standing and outdoor

Image may contain: 1 person, standing and outdoor

မကစ်ဟာ မဆုံးပါးခင်က တရားရှုမှတ်မှုတွေ လုပ်ခဲ့ပုံ ရတယ်လို့ အရှင်ဘုရားက မှတ်ချက်ချခဲ့ပါသေးတယ် ခင်သဇင့် အမေကတော့ ရုတ်တရက် ဆုံးပါးသွားတာမို့ တရားအားထုတ်မှု နည်းခဲ့တဲ့ အတွက်ကြောင့် ဘုံဘဝ တစ်ခုမှာ ကောင်းကောင်းနေ ကောင်းကောင်းသွားနိုင်နေတယ် မိန့်ပါတယ်

Image may contain: house, sky and outdoor

No photo description available.

ဒါပေမယ့် အမေက တော့ သူဘာလိုချင်တယ် ဆိုတာကို စကားမပြောနိုင် ဖြစ်နေတဲ့ အတွက် အမေ့ အတွက် ထပ်မံ ရည်စူးပြီး ကြေးစည် ခေါင်းလောင်း ဘုရားမှာ လှူဖို့ အရှင်ဘုရားက ထပ်မံ အကြံပေး မိန့်ခဲ့ပါတယ် 🙏🏻မကစ်ကတော့ သူ့အတွက် အဝတ် ဖြူလေးတွေ လှူပေးဖို့ တောင်းဆိုတယ် ပြောပါတယ် မ ရေ …..မ ထာဝရ ငြိမ်းချမ်းပါစေနော် မ အပေါ် ထားမိခဲ့တဲ့ မေမေညီမလေး ခင်သဇင်ရဲ့ သံယောဇဉ်အမျှင်တွေ ကတော့ ယခုထိ တန်းနေဆဲပေါ့…..

No photo description available.

သွေးမတော်၊ သားမစပ် ကြပေမယ့် မေတ္တာတရားတွေနဲ့ ကူညီရိုင်းပင်းပေးခဲ့တဲ့ ခင်သဇင်တစ်ယောက် ဒီထက်ပိုမိုအောင်မြင်တဲ့ အနုပညာလမ်းတွေကို လျှောက်လှမ်းသွားနိုင်ပါစေလို့ ပရိသတ်တွေနဲ့ ထပ်တူဆုတောင်းပေးလျက်ပါ။We Love Cele

Image may contain: 1 person, smiling

Previous Post

စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ရုပ်ရှင်ဆုပေးပွဲမှာ "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားမှ ဆု ၆ ဆု ရရှိ

Next Post

အာရှအဆင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို စင်္ကာပူနိုင်ငံမှာရရှိခဲ့တဲ့ ပြည့်ပြည့်

Next Post

အာရှအဆင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို စင်္ကာပူနိုင်ငံမှာရရှိခဲ့တဲ့ ပြည့်ပြည့်

ရန်ကုန်မှာ အအေးပိုနေလို့ နွေးနွေးထွေးထွေးနေကြပါဆိုတဲ့ ခေတ်နဲ့သစ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!