သမီးချောလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်က မိသားစုနဲ့အတူ ထိုင်ဝမ်ကို အလည်အပတ်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ချစ်စရာသမီးလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်ဟာ တဖြည်းဖြည်းအရွယ်ရောက်ကြီးပြင်းလာကြတာ ခုဆိုရင် မေမေချစ်သုဝေနဲ့အတူ အင်္ဂလိပ်လိုအပြန်အလှန်တောင် စကားပြောနိုင်ကြပြီဖြစ်ပါတယ်။
ခေတ်နဲ့သစ်ဟာ မေမေ၊ဖေဖေတို့နဲ့အတူ ပြည်တွင်းခရီးတွေသာမက ပြည်ပခရီးတွေပါ မကြာခဏလိုက်သွားလေ့ရှိတာ တွေ့ရပါတယ်။
ယခုလည်း ထိုင်ဝမ်ကို မိသားစုလိုက် အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း အအေးပိုလာတဲ့ ရန်ကုန်ရဲ့ ရာသီဥတုအခြေအနေကို ခေတ်နဲ့သစ်က ထိုင်ဝမ်ကနေ နွေးနွေးထွေးထွေးနေကြဖို့ မှာလိုက်ပါတယ်။
ထိုင်ဝမ်မှာလည်း အအေးပိုနေတဲ့ ရာသီဥတုကြားမှာ ခေတ်နဲ့သစ်တို့အမြွှာနှစ်ယောက် အနွေးထည်နဲ့ ဘယ်လို ရှိုးထုတ်ထားလဲဆိုတာ ပရိသတ်ကြီးကို ဖော်ပြပေးချင်ပါတယ်။We Love Cele